
0
42




ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း စပါးတိုက်စစ်မှူး ပြော

စပါးအသင်း အနေနဲ့ အခုနှစ် ပရီးမီယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း တိုက်စစ်မှူး ဟာရီကိန်းက ပြောပါတယ်။

မနေ့က ကစားခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ်မှာ တန်းတက် အက်စတန်ဗီလာ အသင်းကို အနိုင်ရပြီးနောက် တိုက်စစ်မှူး ဟာရီကိန်းက အခုလို ပြောတာလည်း ဖြစ်ပါတယ်။

ရာသီသစ်ကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပြီး အသင်းအင်အားကလည်း တောင့်တင်း နေကြောင်း၊ ပရီးမီယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ အချိန်အတော်ကြာ လိုသေးပေမယ့် အခုရာသီရဲ့ ချန်ပီယံဆုကို ရယူနိုင်မယ်လို့ မျှော်လင့်ကြောင်း စပါးတိုက်စစ်မှူး ဟာရီကိန်းက ပြောပါတယ်။