
0
64




ပရိသတ် ကြိုက်နှစ်သက်မှု ကျဆင်းလာတဲ့ မင်းသား ဆောင်းဂျွန်ကီ

မင်းသမီး ဆောင်းဟေကို နဲ့ ကွာရှင်းပြီးနောက် တောင်ကိုရီးယား မင်းသား ဆောင်းဂျွန်ကီအပေါ် ပရိသတ် ကြိုက်နှစ်သက်မှုကျဆင်းနေပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ မင်းသားဆောင်းဂျွန်ကီ ပါဝင်သရုပ်ဆောင်ထားတဲ့ ထုတ်ကုန်ကြေညာတွေအပေါ် ပရိသတ်တွေ နှစ်သက်မှုနည်းလာခဲ့တာကြောင့် ကြော်ငြာလုပ်ငန်းရှင်တွေဟာ ဆောင်းဂျွန်ကီ နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်လာနေပါတယ်။

မင်းသားဆောင်းဂျွန်ကီ ဟာ ပြီးခဲ့တဲ့ ဇွန်လက မင်းသမီး ဆောင်းဟေကို နဲ့ တရားဝင်ကွာရှင်းကြောင်း ကြေညာခဲ့ပြီး လက်ရှိမှာ မိသားစုနဲ့အတူ နေထိုင်နေပါတယ်။ မင်းသားဆောင်းဂျွန်ကီ အနေနဲ့ ကြော်ငြာလုပ်ငန်းရှင်တွေနဲ့ အလုပ်လုပ်မှုအဆင်ပြေအောင် အလုပ်ကို ပိုမိုကြိုးစားရမယ်လို့ တောင်ကိုရီးယား မီဒီယာတွေကရေးသားထားပါတယ်။