ပရဟိတလူငယ္ေတြနဲ႔ အစိုးရပူးေပါင္းၿပီး ေနာက္ေဖး လမ္းၾကားေတြကို ရွင္းလင္း

0
355

ပရဟိတလူငယ္ေတြ နဲ႔ အစိုးရ ပူးေပါင္းၿပီး ရန္ကုန္ၿမိဳ႕က ေနာက္ေဖးလမ္းၾကားေတြကို ရွင္းလင္းေရး လုပ္ခဲ့ၾကပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက ေပးပို႔ထားတာပါ။

ပရဟိတ လူငယ္အဖြဲ႔အစည္းေတြနဲ႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ တို႔ ပူးေပါင္းၿပီး မတ္လ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္အတြင္း က ေနာက္ေဖးလမ္းၾကားေတြကို သန္႔ရွင္းေရး ျပဳလုပ္ခဲ့ၾကပါတယ္။

ound Bite – ေဒၚစံပယ္ေအာင္ (အဖြဲ႕ေခါင္းေဆာင္)
လက္တစ္ဖက္ကမ္းၾကမယ္ ပရဟိတအဖြဲ႔

အခုလို လူငယ္ေတြ ပူးေပါင္းၿပီး အမိႈက္ေကာက္ လုပ္ငန္းေတြကို ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းနဲ႔ ၂၀၁၉ ခုႏွစ္ ႏွစ္ဆန္းပိုင္းေတြမွာ ျမန္မာႏိုင္ငံအႏွံ႔မွာ ျပဳလုပ္လာၾကာတာျဖစ္ပါတယ္။

Sound Bite – ေဒၚစံပယ္ေအာင္ (အဖြဲ႕ေခါင္းေဆာင္)
လက္တစ္ဖက္ကမ္းၾကမယ္ပရဟိတအဖြဲ႔

အမိႈက္ေကာက္လႈပ္ရွားမႈေတြ နဲ႔ ပက္သက္ၿပီး လူငယ္အဖြဲ႔အစည္းေတြက လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ စိန္ေခၚမႈ တစ္ရပ္အေနနဲ႔ အၿပိဳင္အဆိုင္ လုပ္လာခဲ့တာျဖစ္ၿပီး အခု လက္ရွိအခ်ိန္မွာ အစိုးရပိုင္းက ပါ ပါ၀င္လုပ္ေဆာင္လာတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပရဟိတလူငယ်တွေနဲ့ အစိုးရပူးပေါင်းပြီး နောက်ဖေးလမ်းကြားတွေကို ရှင်းလင်း

ပရဟိတလူငယ်တွေ နဲ့ အစိုးရ ပူးပေါင်းပြီး ရန်ကုန်မြို့က နောက်ဖေးလမ်းကြားတွေကို ရှင်းလင်းရေး လုပ်ခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားတာပါ။

ပရဟိတ လူငယ်အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တို့ ပူးပေါင်းပြီး မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်အတွင်း က နောက်ဖေးလမ်းကြားတွေကို သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။

ound Bite – ဒေါ်စံပယ်အောင် (အဖွဲ့ခေါင်းဆောင်)
လက်တစ်ဖက်ကမ်းကြမယ် ပရဟိတအဖွဲ့

အခုလို လူငယ်တွေ ပူးပေါင်းပြီး အမှိုက်ကောက် လုပ်ငန်းတွေကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွေမှာ မြန်မာနိုင်ငံအနှံ့မှာ ပြုလုပ်လာကြာတာဖြစ်ပါတယ်။

Sound Bite – ဒေါ်စံပယ်အောင် (အဖွဲ့ခေါင်းဆောင်)
လက်တစ်ဖက်ကမ်းကြမယ်ပရဟိတအဖွဲ့

အမှိုက်ကောက်လှုပ်ရှားမှုတွေ နဲ့ ပက်သက်ပြီး လူငယ်အဖွဲ့အစည်းတွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စိန်ခေါ်မှု တစ်ရပ်အနေနဲ့ အပြိုင်အဆိုင် လုပ်လာခဲ့တာဖြစ်ပြီး အခု လက်ရှိအချိန်မှာ အစိုးရပိုင်းက ပါ ပါဝင်လုပ်ဆောင်လာတာဖြစ်ပါတယ်။