
0
60




ပယ်နယ်တီကို တိုက်စစ်မှူး ရက်ဖို့ဒ်သာ အမြဲတမ်း ကန်ခိုင်းမယ်လို့ နည်းပြ ဆိုးလ်ရှား ပြော

မန်ချက်စတာ ယူနိုက်တက် ရရှိတဲ့ ပယ်နယ်တီတွေကို တိုက်စစ်မှူး ရက်ဖို့ဒ်ကိုသာ အမြဲတမ်း ကန်ခိုင်းဖို့ နည်းပြ ဆိုးလ်ရှားက ရွေးချယ်ထားပါတယ်။

ဝုဗ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပယ်နယ်တီ ကန်သွင်းဖို့အတွက် အငြင်းပွားခဲ့ပြီးနောက် တိုက်စစ်မှူး ရက်ဖို့ဒ်ကို နည်းပြ ဆိုးလ်ရှားက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဝုဗ်နဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ရရှိတဲ့ ပယ်နယ်တီကို ကွင်းလယ်လူ ပေါ့ဘာ ကန်သွင်းခဲ့ရာ လွဲချော်ခဲ့ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဝုဗ်နဲ့ ပွဲမှာ ရရှိတဲ့ ပယ်နယ်တီကို တိုက်စစ်မှူး ရက်ဖို့ဒ်က ကိုယ်တိုင် မကန်ဘဲ ကွင်းလယ်လူ ပေါ့ဘာကို ဘောလုံးပေးကာ ကန်ခိုင်းခဲ့တာ ဖြစ်ပါတယ်။