
0
762







ပန်းချီဆရာမ ဂျင်းနီ (Jeannie) ရဲ့ ၅ ကြိမ်မြောက် Jeannie Solo ပန်းချီပြပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ကိုသန့်က တင်ဆက်ထားတာဖြစ်ပါတယ်။

ပန်းချီဆရာမ ရဲ့ ဂျင်းနီ (Jeannie) ရဲ့ ၅ ကြိမ်မြောက် Jeannie Solo ပန်းချီပြပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့က Moon Art Gallary မှာပြုလုပ်ခဲ့တာပါ။ပြပွဲမှာ ပန်းချီကားပေါင်း ၃၆ ကား ပါဝင်ပြသခဲ့ပါတယ်။

အင်တာဗျူး ပန်းချီ ဂျင်းနီ (Jeannie)

ပြပွဲမှာပါဝင်ခဲ့တဲ့ ပန်းချီကားတွေကိုတော့ Acrylic နဲ့ ရေးဆွဲထားတာဖြစ်ပြီး စုတ်တံမသုံးပဲ လက်နဲ့ရေးဆွဲထားတဲ့ ပန်းချီကားတွေပါဝင်သလို သဲနဲ့ရေးဆွဲထားတဲ့ ပန်းချီကားတွေလည်း ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် ပန်းချီအနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေကိုလည်း အောင်မြင်အောင်ပြုလုပ်ကြဖို့ အခုလိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။

အင်တာဗျူး ပန်းချီ ဂျင်းနီ (Jeannie)

ပန်းချီဆရာမ ရဲ့ ဂျင်းနီ (Jeannie) ဟာ တစ်ကိုယ်တော် ပြပွဲအဖြစ် ငါးကြိမ်မြောက် ပြသထားပြီး အဖွဲ့လိုက် အဖြစ် ၈ ကြိမ်အထိ ပြသခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပြီး ပန်းချီအနုပညာဆက်လက်ရှင်သန်ဖို့အတွက် ပန်းချီပြပွဲတွေ ဆက်ပြသွားဖို့လည်းရှိပါတယ်ခင်ဗျား။