ပနားမား စာရြက္စာတမ္း ေပါက္ၾကားမႈ စံုစမ္းေရးသားတဲ့ ဂ်ာနယ္လစ္ အသတ္ခံရ

0
251

ပနားမား စာရြက္စာတမ္း ေပါက္ၾကားမႈမွာ ေမာ္လ္တာ အစိုးရရဲ႕ လာဘ္စားမႈေတြကို စံုစမ္းထုတ္ေဖာ္ ေရးသားတဲ့ ေမာလ္တာ ႏိုင္ငံသူ ဂ်ာနယ္လစ္ဟာ သူ႔အိမ္အနီးမွာ ကားဗံုးေဖာက္ခြဲၿပီး အသတ္ခံလိုက္ရပါတယ္။

ေမာ္စတာမွာ ရွိတဲ့ သူ႔အိမ္ကို ကားေမာင္းျပန္စဥ္ အသက္ ၅၃ ႏွစ္အရြယ္ ဒါဖနီ ခ႐ူအာနာ ဂါလီဇီယာဟာ ကားဗံုးေဖာက္ခြဲၿပီး အသတ္ခံရတာ ျဖစ္ပါတယ္။

မစၥ ဂါလီဇီယာက ဒီလို လုပ္ႀကံမခံရခင္ ၁၅ ရက္ေလာက္ကတည္းက သူဟာ ၿခိမ္းေျခာက္ခံေနရေၾကာင္း ရဲကို အေၾကာင္းၾကားခဲ့ပါေသးတယ္။

ေမာ္လ္တာ ဝန္ႀကီးခ်ဳပ္ ဂ်ိဳးဇက္ မတ္စကတ္နဲ႔ သူ႔လက္ေထာက္ ႏွစ္ဦးဟာ ေမာ္လ္တာ ႏိုင္ငံကူး လက္မွတ္ေတြ ေရာင္းစားမႈ၊ အဇာဘိုင္ဂ်န္ အစိုးရဆီကေန ေငြယူမႈေတြ ဆက္စပ္ေနေၾကာင္း မစၥ ဂါလီဇီယာက ထုတ္ေဖာ္ ေရးသားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပနားမား စာရွက်စာတမ်း ပေါက်ကြားမှု စုံစမ်းရေးသားတဲ့ ဂျာနယ်လစ် အသတ်ခံရ

ပနားမား စာရွက်စာတမ်း ပေါက်ကြားမှုမှာ မော်လ်တာ အစိုးရရဲ့ လာဘ်စားမှုတွေကို စုံစမ်းထုတ်ဖော် ရေးသားတဲ့ မောလ်တာ နိုင်ငံသူ ဂျာနယ်လစ်ဟာ သူ့အိမ်အနီးမှာ ကားဗုံးဖောက်ခွဲပြီး အသတ်ခံလိုက်ရပါတယ်။

မော်စတာမှာ ရှိတဲ့ သူ့အိမ်ကို ကားမောင်းပြန်စဉ် အသက် ၅၃ နှစ်အရွယ် ဒါဖနီ ခရူအာနာ ဂါလီဇီယာဟာ ကားဗုံးဖောက်ခွဲပြီး အသတ်ခံရတာ ဖြစ်ပါတယ်။

မစ္စ ဂါလီဇီယာက ဒီလို လုပ်ကြံမခံရခင် ၁၅ ရက်လောက်ကတည်းက သူဟာ ခြိမ်းခြောက်ခံနေရကြောင်း ရဲကို အကြောင်းကြားခဲ့ပါသေးတယ်။

မော်လ်တာ ဝန်ကြီးချုပ် ဂျိုးဇက် မတ်စကတ်နဲ့ သူ့လက်ထောက် နှစ်ဦးဟာ မော်လ်တာ နိုင်ငံကူး လက်မှတ်တွေ ရောင်းစားမှု၊ အဇာဘိုင်ဂျန် အစိုးရဆီကနေ ငွေယူမှုတွေ ဆက်စပ်နေကြောင်း မစ္စ ဂါလီဇီယာက ထုတ်ဖော် ရေးသားခဲ့ပါတယ်။