ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အပင်တွေ ပြောင်းလဲနေ

0
249

သစ်ပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် တိုးပွားလာနေတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေကြကြောင်း ဆောက်သမ်တန် တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအသစ်တစ်ခုမှာ ဖော်ပြပါတယ်။

14572262_10209776509721824_4803152386921679660_n

ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲလာမှုဇီဝဗေဒဂျာနယ်မှာ အဲဒီသုတေသနတွေ့ရှိမှုကို ဖော်ပြခဲ့တာဖြစ်ပြီး ကာလရှည်ကာဗွန်ဒိုင်အောက် ဆိုက်ဒ် (CO2)တိုးပွားလာမှုရဲ့ သက်ရောက်မှုတွေကို သိမြင်နိုင်ဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ သုတေသနတွေ့ရှိမှုက ကမ္ဘာလုံးဆိုင်ရာ အစားအစာ လုံခြုံဘေးကင်းရေးနဲ့ သဘာဝထိန်းသိမ်းရေးကိုလည်း ကာလရှည် အမြင်နဲ့ သုံးသပ် မှုပေးနိုင်ခဲ့ပါတယ်။

“ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်က မြင့်တက်လာနေတယ်၊၁၉၉၀ပြည့်နှစ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ထုတ်လွှင့်မှုက ၂၀၀၀ ပြည့်နှစ် တွေမှာ ပိုပြီးများလာတယ်။သမိုင်းတင်တဲ့အချိန်ကစလို့ ၂၀၁၃ခုနှစ်မှာ ပထမဆုံးအကြိမ် 400ppm ကို စရောက်လာခဲ့တယ်၊ အခြားတစ်ဖက်မှာလည်း CO2 က အပင်တွေအတွက် ကောင်းတဲ့အချက်လို့ယူဆစရာရှိတယ်၊ အနည်းဆုံးတော့ ကာလတိုမှာ ပေါ့၊ ဖိုတိုဆိုင်သီစစ်ကို ပိုမြန်စေပြီး အပင်ကြီးထွားမှု၊ ကောက်ပဲသီးနှံကြီးထွားမှုနဲ့ အစားအစာထုတ်လုပ်ရေးကို ပိုကောင်းလာစေမယ်။

တကယ်တော့ မကြာသေးခင်ကဆယ်စုနှစ်တွေမှာ ကမ္ဘာကြီးရဲ့အပင်တွေ ပိုစိမ်းစိုလာပြီး အသီးအရွက်ဖွံ့ဖြိုးမှုကလည်း ကာဗွန်ဒိုင်အောက်ဆိုက်ဒ်မြင့်မားလာတာနဲ့အမျှ လှုံဆော်မှုပိုရလာတယ်” လို့ လေ့လာမှုမှာပါဝင်ခဲ့တဲ့ ပါမောက္ခဂေးလ်တေလာက ဆိုပါတယ်။
“ လက်ရှိအချိန်အထိတော့ ကာလရှည်သက်ရောက်မှုအပေါ်မှာ ပြုလုပ်တဲ့သုတေသန နည်းပါးနေပါသေးတယ်၊ အဲဒီလိုအပင် တွေပြောင်းလဲနေတာနဲ့ပတ်သက်ပြီး မော်လီကျုလာအဆင့်အထိ လုပ်ဆောင်တာ မရှိသလောက်ပါပဲ။

အဓိကအချက်ကတော့ အနာဂါတ်မှာ ထိတွေ့မှုဖြစ်မယ့်အပင်ကို ရှာဖွေဖို့အတွက် အခက်အခဲပါပဲ။” လို့ ပါမောက္ခဂေးလ်တေလာက ဆက်လက်ပြောဆိုခဲ့ ပါတယ်။ အဲဒီပြဿနာကို အဖြေရှာဖို့အတွက် သုတေသီတွေဟာ ထူးခြားတဲ့အရင်းအမြစ်တစ်ခုကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီအရင်းအမြစ် က သဘာဝအတိုင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ကြွယ်ဝနေတဲ့နေရာမှာ နှစ်ပေါင်းရာနဲ့ချီပြီးရှိနေခဲ့တဲ့ အပင်မျိုးဆက်တွေပါပဲ။ အီတလီ နိုင်ငံက – plantago lanceolata အပင်တွေကို သိပ္ပံပညာရှင်တွေက သုတေသနပြုခဲ့တာဖြစ်ပါတယ်။