ပဋိညာဉ်စာချုပ်ချုပ်ဆိုရာမှာ နစ်နာမှုတွေမဖြစ်စေဖို့ ဟောပြောပွဲပြုလုပ်

0
38










ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ပဋိညာဉ်စာချုပ်ချုပ်ဆိုရာမှာ နစ်နာဆုံးရှုံးမှုတွေ မပေါ်ပေါက်စေဖို့ ဥပဒေဆိုင်ရာအချက်အလက်တွေကို ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ထားပါတယ်။

ပဋိညာဉ် စာချုပ်ချုပ်ဆိုရာမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ ပြည်ပနိုင်ငံခြားသားလုပ်းငန်းရှင်တွေနဲ့ စာချုပ်ချုပ်ဆိုရာမှာဖြစ်စေ၊ ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်ရာမှာဖြစ်စေ ဥပဒေပိုင်းဆိုင်ရာတွေကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေဖို့ ဟောပြောပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် လုပ်ငန်းလုပ်ကိုင်ရာမှာ ဒီ ပဋိညာဉ် သာလျှင် သေချာစနစ်တကျနဲ့ သတ်မှတ်ချက်စံချိန်စံညွှန်း နဲ့အညီ ဆောင်ရွက်နိုင်တာကြောင့် အလုပ်လုပ်ကိုင်မယ့်လုပ်ငန်းရှင်တွေအနေနဲ့ သိရှိထားဖို့ လိုအပ်နေတာ လည်းဖြစ်ပါတယ်။

Soundbite ;ဒေါက်တာသင်းနွယ်ဝင်း (ဒုတိယဥက္ကဋ္ဌ)

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း

ပြည်တွင်းက လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပနိုင်ငံခြားသားလုပ်ငန်းရှင်တွေနဲ့ စာချုပ်ချုပ်ဆိုရာမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ပတ်သက်တဲ့အတွေးအခေါ် ဗဟုသုတ၊ အရေးအသားတွေကအစ သိရှိထားဖို့လိုသလို  အင်္ဂလိပ်ဘာသာစကားနဲ့ စာချုပ်ချုပ်ဆိုတတ်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

Soundbite; ဦးသန်းမောင်(ဥပဒေအကြံပေး)

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI )

အဲဒီလို ပြည်ပကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ စာချုပ်ချုပ်ဆိုတဲ့အခါ ကျွမ်းကျင်မှုမရှိခဲ့ရင် စာချုပ် ချုပ်ဆိုမှုအပိုင်းမှာ တတ်သိနားလည်းသူတွေကို ခန့်ထားဖို့လိုအပ်သလို စာချုပ်တွေကို အမြဲတမ်းစိစစ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်ရှင်။