ပညာေရးစနစ္ေျပာင္းလဲမႈက စကၤာပူ၊ ဂ်ပန္ ႏိုင္ငံေတြလို ျဖစ္မွာကို မယုံဘူးလို႔ NLD အမတ္ေဝဖန္

0
53

အမ်ိဳးသားပညာေရးဥပေဒနဲ႔ အမ်ိဳးသားပညာေရးစနစ္ ျပဳျပင္ေျပာင္းလဲေနမႈေတြက လူေတာ္ လူေကာင္းေတြကို ေမြးထုတ္ႏိုင္မွာ ျဖစ္ေပမယ့္ စကၤာပူ၊ ဂ်ပန္ႏိုင္ငံနဲ႔ အေနာက္ႏိုင္ငံေတြလို ျဖစ္လာႏိုင္လိမ့္မယ္လို႔ မယုံၾကည္ဘူးလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ရန္ကုန္တိုင္းေဒသႀကီး အမွတ္ ၂ မဲဆႏၵနယ္က ဦးေ႒းဦးက ေျပာပါတယ္။

ၾသဂုတ္လ ၉ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္မွာ အမ်ိဳးသားးပညာေရးမူဝါဒေကာ္မတီရဲ႕ ၆ လတာကာလ လုပ္ငန္းေဆာင္ရြက္ခဲ႔မႈ အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အႀကံျပဳ ေဆြးေႏြးခဲ႔တာပါ။

စကၤာပူ၊ ဂ်ပန္ႏိုင္ငံနဲ႔ အေနာက္ႏိုင္ငံေတြမွာ က်င့္ဝတ္၊ စည္းကမ္းနဲ႔ ဥပေဒေတြကို တန္ဖိုးထား ေလးစား လိုက္နာၾကကာ တရားဥပေဒစိုးမိုးမႈ ရွိၾကတာ ျဖစ္ေပမယ့္ ျမန္မာႏိုင္ငံမွာ  က်င့္ဝတ္၊ စည္းကမ္းေတြနဲ႔ ဥပေဒေတြကို ေလးစားလိုက္နာမႈ မရွိခဲ႔တာ အမွ် တရားဥပေဒစိုးမိုးမႈ ပ်က္ျပားေနတာ ေခါက္ရိုးက်ိဳးေနၿပီ ျဖစ္တယ္လို႔ ဦးေ႒းဦးက ေျပာပါတယ္။

အဲဒါေၾကာင့္ တရားဥပေဒစိုးမိုးေရး၊ က်င့္ဝတ္၊ စည္းကမ္း ဥပေဒေတြကို  ေလးစားလိုက္နာလာေအာင္ သင္ရိုးညႊန္းတမ္းထဲမွာ အသိအရြယ္နဲ႔ ထိုက္တန္တဲ႔ သင္ၾကားမႈေတြ ရွိဖို႔လိုလာမွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ပညာရေးစနစ်ပြောင်းလဲမှုက စင်္ကာပူ၊ ဂျပန် နိုင်ငံတွေလို ဖြစ်မှာကို မယုံဘူးလို့ NLD အမတ်ဝေဖန်

အမျိုးသားပညာရေးဥပဒေနဲ့ အမျိုးသားပညာရေးစနစ် ပြုပြင်ပြောင်းလဲနေမှုတွေက လူတော် လူကောင်းတွေကို မွေးထုတ်နိုင်မှာ ဖြစ်ပေမယ့် စင်္ကာပူ၊ ဂျပန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေလို ဖြစ်လာနိုင်လိမ့်မယ်လို့ မယုံကြည်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ်က ဦးဋ္ဌေးဦးက ပြောပါတယ်။

သြဂုတ်လ ၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားပညာရေးမူဝါဒကော်မတီရဲ့ ၆ လတာကာလ လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြု ဆွေးနွေးခဲ့တာပါ။

စင်္ကာပူ၊ ဂျပန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေမှာ ကျင့်ဝတ်၊ စည်းကမ်းနဲ့ ဥပဒေတွေကို တန်ဖိုးထား လေးစား လိုက်နာကြကာ တရားဥပဒေစိုးမိုးမှု ရှိကြတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ကျင့်ဝတ်၊ စည်းကမ်းတွေနဲ့ ဥပဒေတွေကို လေးစားလိုက်နာမှု မရှိခဲ့တာ အမျှ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတာ ခေါက်ရိုးကျိုးနေပြီ ဖြစ်တယ်လို့ ဦးဋ္ဌေးဦးက ပြောပါတယ်။

အဲဒါကြောင့် တရားဥပဒေစိုးမိုးရေး၊ ကျင့်ဝတ်၊ စည်းကမ်း ဥပဒေတွေကို လေးစားလိုက်နာလာအောင် သင်ရိုးညွှန်းတမ်းထဲမှာ အသိအရွယ်နဲ့ ထိုက်တန်တဲ့ သင်ကြားမှုတွေ ရှိဖို့လိုလာမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။