
0
100








ပညာရေးကဏ္ဍရဲ့ သင်ရိုးညွှန်တမ်းပိုင်းတွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ခွင့် ရလာ


ပညာရေးကဏ္ဍရဲ့ သင်ရိုးညွှန်တမ်းပိုင်းတွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေကို ပါဝင်ဆွေးနွေးခွင့်တွေ အရင်ကထက် ပိုမိုပေးလာတယ်လို့ Candie Library Foundation ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေး ကပေးပို့ထားပါတယ်။


အရင်က ပညာရေးအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အခြားသော အရပ်ဖက် အဖွဲ့အစည်းတွေက ပါဝင် ဆွေးနွေးခွင့် ရရှိဖို့ခက်ခဲ ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ပညာရေး ကဏ္ဍရဲ့ သင်ရိုးညွှန်းတန်း အပိုင်းတွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေကို ပါဝင်ဆွေးနွေးခွင့်တွေ ပေးလာပြီလို့ Candie Library Foundationက ပြောပါတယ်။


Soundbite; B ESTEHER ZE NAW (Programme Director) Candie Library Foundation


ပညာရေးပိုင်းက ရေရှည်ရင်းနှီးမြှုပ်နှံရတဲ့အပိုင်းဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲဖို့ အတွက် အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးနေတာပါ။ ဒါ့အပြင် ပိုကောင်းတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့အတွက် Policy Level အရပါဆွေးနွေးနေတာကြောင့် အနာဂတ်အတွက် ပညာရေးကဏ္ဍမှာ မျှော်လင့်ချက်ရှိလာပြီး လို့ Candie Library Foundationက ပြောပါတယ်။


Soundbite; B ESTEHER ZE NAW (Programme Director) Candie Library Foundation


မြန်မာနိုင်ငံ ရဲ့ ပညာရေးစနစ် ပိုမိုအားကောင်းလာဖို့အတွက် အစိုးရ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ နဲ့ ကျောင်းသားမိဘတွေရဲ့ သုံးပွင့်ဆိုင် ပူပေါင်း ဆောင်ရွက်မှု က အရေးကြီး လိုအပ်နေတာဖြစ်ပါတယ်ရှင်