ပစ္ခတ္မႈေတြ ဆက္ျဖစ္ေနရင္ ဒေသခံျပည္သူေတြ ပိုၿပီး ဒုကၡေရာက္လာႏိုင္

0
468

ရခိုင္ျပည္နယ္အတြင္း ပစ္ခတ္မႈေတြ ဆက္လက္ျဖစ္ပြားေနရင္ ေဒေသခံျပည္သူေတြ ပိုၿပီးေတာ့ ဒုကၡေရာက္လာ မွာ ျဖစ္တယ္လို႔ စစ္ေဘးေရွာင္ေတြက ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့ မတ္လအေစာပိုင္းက ျဖစ္ပြားခဲ့တဲ့တုိက္ပြဲေတြေၾကာင့္ ေလးၿမိဳ႕ျမစ္ ေၾကာင္းအတြင္းမွာေနထိုင္ေနၾကတဲ့ ေဒသခံေက်းရြာသား ၂၀၀၀ ေက်ာ္တုိ႔ဟာ ေဘးလြတ္ရာကိုထြက္ေျပးခဲ့ၾကရပါတယ္။

ဒါ့အျပင္ အခုလက္ရွိအေျခအေနအရ ေနရပ္ေက်းရြာေတြကို ျပန္လည္သြားေရာက္ေနထုိင္ဖုိ႔ အခက္အခဲေတြရွိေနတဲ့အတြက္ ေရရွည္မွာ ျပည္သူေတြ ပိုၿပီး ဒုကၡေရာက္လာမွာျဖစ္တယ္လို႔ စစ္ေဘးေရွာင္လာသူေတြကေျပာပါတယ္။

အင္တာဗ်ဴး- ဦးခင္ေမာင္ၾကည္ (စစ္ေဘးေရွာင္)
ေအာက္ေလညွင္းေတာင္ေက်းရြာ

ေဒသမတည္မၿငိမ္ျဖစ္ပြားေနတဲ့အတြက္ မလိုလားအပ္တဲ့ျပႆနာေတြျဖစ္ပြားလာႏုိင္တာေၾကာင့္ သားပ်ိဳသမီးပ်ိဳေတြနဲ႔ ေတာအရပ္ေဒသေတြမွာ မေနရဲတဲ့အတြက္ ၿမိဳ႕ေပၚေနရာေတြကို လာေရာက္ခိုလႈံေနရတာျဖစ္တယ္လို႔ စစ္ေဘးေရွာင္အမ်ိဳးသမီးတစ္ဦးကေျပာပါတယ္။

အင္တာဗ်ဴး – ေဒၚျမေသာင္းေရႊ (စစ္ေဘးေရွာင္)
ေအာက္ေလညွင္းေတာင္ေက်းရြာ

စစ္ေဘးေရွာင္ေတြအေနနဲ႔ လတ္တေလာမွာ ေဒသခံေတြရဲ႕ေထာက္ပံ့ကူညီမႈေတြနဲ႔ စားေသာက္ေနၾကရေပမယ့္ လုပ္အားကိုမွီခိုေနၾကရတဲ့ လက္လုပ္လက္စားမိသားစုေတြအတြက္ ေနရပ္ျပန္သြားတဲ့အခ်ိန္မွာ အစစအရာရာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရႏုိင္တယ္လို႔ ေဒၚျမေသာင္းေရႊကေျပာပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပစ်ခတ်မှုတွေ ဆက်ဖြစ်နေရင် ဒသေခံပြည်သူတွေ ပိုပြီး ဒုက္ခရောက်လာနိုင်

ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေရင် ဒေသေခံပြည်သူတွေ ပိုပြီးတော့ ဒုက္ခရောက်လာ မှာ ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မတ်လအစောပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် လေးမြို့မြစ် ကြောင်းအတွင်းမှာနေထိုင်နေကြတဲ့ ဒေသခံကျေးရွာသား ၂၀ဝ၀ ကျော်တို့ဟာ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရပါတယ်။

ဒါ့အပြင် အခုလက်ရှိအခြေအနေအရ နေရပ်ကျေးရွာတွေကို ပြန်လည်သွားရောက်နေထိုင်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် ရေရှည်မှာ ပြည်သူတွေ ပိုပြီး ဒုက္ခရောက်လာမှာဖြစ်တယ်လို့ စစ်ဘေးရှောင်လာသူတွေကပြောပါတယ်။

အင်တာဗျူး- ဦးခင်မောင်ကြည် (စစ်ဘေးရှောင်)
အောက်လေညှင်းတောင်ကျေးရွာ

ဒေသမတည်မငြိမ်ဖြစ်ပွားနေတဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပွားလာနိုင်တာကြောင့် သားပျိုသမီးပျိုတွေနဲ့ တောအရပ်ဒေသတွေမှာ မနေရဲတဲ့အတွက် မြို့ပေါ်နေရာတွေကို လာရောက်ခိုလှုံနေရတာဖြစ်တယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

အင်တာဗျူး – ဒေါ်မြသောင်းရွှေ (စစ်ဘေးရှောင်)
အောက်လေညှင်းတောင်ကျေးရွာ

စစ်ဘေးရှောင်တွေအနေနဲ့ လတ်တလောမှာ ဒေသခံတွေရဲ့ထောက်ပံ့ကူညီမှုတွေနဲ့ စားသောက်နေကြရပေမယ့် လုပ်အားကိုမှီခိုနေကြရတဲ့ လက်လုပ်လက်စားမိသားစုတွေအတွက် နေရပ်ပြန်သွားတဲ့အချိန်မှာ အစစအရာရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဒေါ်မြသောင်းရွှေကပြောပါတယ် ခင်ဗျား။