
0
98




နီပေါ ရေကြီး၊ မြေပြိုမှု ၆၀ ကျော် သေဆုံး၊ ထောင်နဲ့ချီ ရွှေ့ပြောင်းရ

နီပေါနိုင်ငံတစ်ဝန်း မုတ်သုံမိုး သည်းထန်မှုကြောင့် ရေကြီးပြီး မြေပြိုမှုတွေ ဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၆၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။

ဒါ့အပြင် လူ ၁၅၀ဝ လောက်ကိုလည်း ကယ်ဆယ်ခဲ့ရပြီး ပျောက်ဆုံးသူ ၃၀ ဦး ရှိကြောင်း နီပေါရဲတပ်ဖွဲ့က ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြောပါတယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတွေကို အစိုးရအဖွဲ့များစွားနဲ့ နီပေါစစ်တပ်တို့က လုပ်ဆောင်နေပါတယ်။

ခတ္တမန္ဒူတောင်ကြားနဲ့ တေရိုင်ဒေသ မြေနိမ့်ပိုင်းတွေ အပါအဝင် ဒေသတွေမှာ အခြေအနေဆိုးနေကြောင်း လူမှုကွန်ရက် မီဒီယာတွေပေါ် တက်လာတဲ့ ဓာတ်ပုံတွေထဲမှာ မြင်ရပါတယ်။ ကားလမ်းတွေနဲ့ ကားတွေ ရွှံ့ထဲနစ်နေပြီး အိမ်တွေထဲမှာ ပိတ်မိနေသူတွေလည်း ရှိပါတယ်။ လူတချို့လည်း တစ်နိုင်တစ်ပိုင် အထုပ်တွေ ခေါင်းပေါ်ရွက်ပြီး ရင်ခေါင်းလောက် ရှိတဲ့ ရေကိုဖြတ်ကာ လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြရပါတယ်။