
0
82




နယ်မြေဒေသ အေးချမ်းမှ ဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်နိုင်မယ်လို့ ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

နယ်မြေ ဒေသ အေးချမ်းမှ ဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။
ဇွန်လ ၁၅ ရက်နေ့က တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာမှာ ဒေသခံပြည်သူတွေ နဲ့ တွေ့ဆုံစဉ် အခုလို ပြောဆိုခဲ့တာပါ။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နယ်မြေဒေသ အေးချမ်းမှသာ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း၊ ဒါကြောင့် လူမျိုးမတူ၊ ဘာသာမတူပေမယ့် အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့အတွက် ဒီမိုကရေစီ အခြေခံကောင်းတွေ ပေါ်ထွန်းလာဖို့ အရေးကြီးကြောင်း တိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။