
0
66




နယ်စပ်ခြံစည်းရိုး ဆောက်ဖို့ အချုပ်အခြာအာဏာ လုပ်ပိုင်ခွင့်ရှိ


မြန်မာနိုင်ငံအနေနဲ့ လုံခြုံရေးနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို ကာကွယ်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်မျဉ်းတစ်လျှောက် ခြံစည်းရိုးတည်ဆောက်ဖို့ အချုပ်အခြာအာဏာ လုပ်ပိုင်ခွင့်ရှိတယ်လို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်လိုက်ပါတယ်။


ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂ အဆောက်အဦမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း အချက်အလက် ရှာဖွေရေးအဖွဲ့ FFM ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်ကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။


မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ကုန်းပိုင်း၊ ရေပိုင်း လုံခြုံအောင် ကြိုးစားဆောင်ရွက် နေပေမယ့် လုံခြုံမှု မရှိသေးတဲ့အတွက် တရားမဝင် အဝင်အထွက်တွေ ရှိနေသေးတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြီးခဲ့တဲ့ မေလအတွင်းက ဝန်ခံပြောကြားခဲ့ပါတယ်။