နယ္စပ္ျဖတ္ေက်ာ္ ျပန္ဝင္လာသူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးၿပီး ေနရာခ်ေပးမယ္

0
1176

ျမန္မာ-ဘဂၤလားေဒ့ရွ္ ေနရပ္ျပန္ေရး သေဘာတူညီခ်က္အရ မဟုတ္ဘဲ မိမိဆႏၵအေလ်ာက္ ျပန္လည္ ဝင္ေရာက္လာသူေတြကို ဖမ္းဆီးခဲ့ေပမယ့္ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္နဲ႔ တရားစြဲမႈ ႐ုပ္သိမ္းေပးၿပီး ၆၂ ဦးကို လွဖိုးေခါင္ ၾကားစခန္းမွာ ေခတၱေနရာခ်ေပးမွာ ျဖစ္ပါတယ္။

အၾကမ္းဖက္မႈမွာ ပါဝင္ျခင္း ရွိ၊ မရွိ စိစစ္ၿပီးေနာက္ တရားမဝင္ ျပန္လည္ ဝင္ေရာက္မႈေတြနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံရသူ ၅၈ ဦးနဲ႔ တရားစြဲခံထားရသူ ၄ ဦး၊ စုစုေပါင္း ၆၂ ဦးတို႔ကို ေမလ ၂၆ ရက္ေန႔မွာ ဘူးသီးေတာင္ ငါးခူရ ျပန္လည္ လက္ခံေရးစခန္းကို ပို႔ေဆာင္ေပးၿပီး သေဘာတူညီခ်က္ ပံုစံကို ျဖည့္စြက္ကာ လွဖိုးေခါင္စခန္းမွာ ေနရာခ်ေပးမွာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္မွာ ေရာက္ရွိေနၾကတဲ့ ေနရပ္စြန္႔ခြာသူေတြဟာ လိုအပ္တဲ့ပံုစံျဖည့္ဖို႔ကိစၥ၊ လက္ခံေရး စခန္းကတစ္ဆင့္ ျပန္လည္ ဝင္ေရာက္ေရးကိစၥေတြကို မသိရွိၾကဘူးလို႔ မေန႔က ေမလ ၂၇ ရက္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ံုးဝန္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်စပ်ဖြတ်ကျော် ပြန်ဝင်လာသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နေရာချပေးမယ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နေရပ်ပြန်ရေး သဘောတူညီချက်အရ မဟုတ်ဘဲ မိမိဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လာသူတွေကို ဖမ်းဆီးခဲ့ပေမယ့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ တရားစွဲမှု ရုပ်သိမ်းပေးပြီး ၆၂ ဦးကို လှဖိုးခေါင် ကြားစခန်းမှာ ခေတ္တနေရာချပေးမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုမှာ ပါဝင်ခြင်း ရှိ၊ မရှိ စိစစ်ပြီးနောက် တရားမဝင် ပြန်လည် ဝင်ရောက်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ ၅၈ ဦးနဲ့ တရားစွဲခံထားရသူ ၄ ဦး၊ စုစုပေါင်း ၆၂ ဦးတို့ကို မေလ ၂၆ ရက်နေ့မှာ ဘူးသီးတောင် ငါးခူရ ပြန်လည် လက်ခံရေးစခန်းကို ပို့ဆောင်ပေးပြီး သဘောတူညီချက် ပုံစံကို ဖြည့်စွက်ကာ လှဖိုးခေါင်စခန်းမှာ နေရာချပေးမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေကြတဲ့ နေရပ်စွန့်ခွာသူတွေဟာ လိုအပ်တဲ့ပုံစံဖြည့်ဖို့ကိစ္စ၊ လက်ခံရေး စခန်းကတစ်ဆင့် ပြန်လည် ဝင်ရောက်ရေးကိစ္စတွေကို မသိရှိကြဘူးလို့ မနေ့က မေလ ၂၇ ရက် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။