
0
43




နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ဖို့ အိန္ဒိယ စီစဉ်နေတယ်လို့ ပါကစ္စတန် စွပ်စွဲ

အိန္ဒိယနိုင်ငံဟာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ဖို့ လှုပ်ရှားနေကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် အင်မရမ်ခန်းက စွပ်စွဲလိုက်ပါတယ်။

မွတ်စလင်အများစု နေထိုင်နေတဲ့ ကက်ရှ်မီးယား ဒေသအပေါ် ခွင့်ပြုထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယက ပြန်ရုတ်သိမ်းပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှု ပြန်လည် ဖြစ်ပေါ်လာခဲ့ပါတယ်။

ပါကစ္စတန် လွတ်လပ်ရေး အောင်ပွဲနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် အင်မရမ်ခန်းက ရုပ်သံကတဆင့် မိန့်ခွန်းပြောဆိုချိန်မှာ အခုလို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အခုနှစ် အစောပိုင်းတုန်းကလည်း အပြန်လှန် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။