နယ္စပ္ျဖတ္ေက်ာ္ ကိစၥေတြကို ကိုင္တြယ္မႈ ထိုင္းနဲ႔ ျမန္မာ ပိုမို တိုးျမႇင့္မယ္

0
64

မူးယစ္ေဆးဝါး ေမွာင္ခို ေရာင္းဝယ္မႈ၊ ဒုကၡသည္ေတြနဲ႔ တရားမဝင္ ဝင္ေရာက္လာသူေတြကို ျမန္မာႏိုင္ငံဘက္ ျပန္ပို႔ေရး၊ သတင္းမပို႔ဘဲ ငါးဖမ္းမႈ၊ စည္းကမ္းနဲ႔ မညီတဲ့ ငါးဖမ္းမႈေတြ စတဲ့ နယ္စပ္ျဖတ္ေက်ာ္ ကိစၥေတြမွာ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈ တိုးျမွင့္ဖို႔ ထိုင္းနဲ႔ ျမန္မာတို႔ သေဘာတူခဲ့ၾကပါတယ္။

မေန႔ ၾသဂုတ္လ ၃ ရက္ေန႔က ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပတဲ့ ၇ ႀကိမ္ေျမာက္ ထိုင္း-ျမန္မာ အဆင့္ျမင့္ အရာရွိႀကီးမ်ား အစည္းအေဝး (HLC) မွာ ထိုင္းစစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး ပြန္ပီပတ္ ဘင္ညာဆီရိနဲ႔ တပ္မေတာ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္တို႔ ေတြ႔ဆံုစဥ္ အခုလို သေဘာတူခဲ့ၾကတာပါ။

ဒါ့အျပင္ ႏွစ္ႏိုင္ငံ ပညာေရးနဲ႔ စစ္ေရး ေလ့က်င့္မႈေတြမွာလည္း ပူးေပါင္းေဆာင္ရြက္ဖို႔ သေဘာတူခဲ့ၾကပါတယ္။ ဒီႏွစ္အတြင္း က်င္းပဖို႔ ရွိတဲ့ အာဆီယံ ကာကြယ္ေရး ဝန္ႀကီးမ်ား အစည္းအေဝး (ADMM) နဲ႔ ADMM-Plus အစည္းအေဝးေတြကိုလည္း ထိုင္းက အိမ္ရွင္အျဖစ္ က်င္းပမယ့္အေပၚ ယံုၾကည္မႈ ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာပါတယ္။ ထိုင္း-ျမန္မာ အဆင့္ျမင့္ အရာရွိႀကီးမ်ား အစည္းအေဝး (HLC) ကို ၂၀၁၀ ျပည့္ႏွစ္ကတည္းက ထိုင္းနဲ႔ ျမန္မာ တစ္လွည့္စီ အိမ္ရွင္အျဖစ္ တစ္ႏွစ္တစ္ခါ က်င္းပတာ ျဖစ္ပါတယ္။

နယ်စပ်ဖြတ်ကျော် ကိစ္စတွေကို ကိုင်တွယ်မှု ထိုင်းနဲ့ မြန်မာ ပိုမို တိုးမြှင့်မယ်
မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှု၊ ဒုက္ခသည်တွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို မြန်မာနိုင်ငံဘက် ပြန်ပို့ရေး၊ သတင်းမပို့ဘဲ ငါးဖမ်းမှု၊ စည်းကမ်းနဲ့ မညီတဲ့ ငါးဖမ်းမှုတွေ စတဲ့ နယ်စပ်ဖြတ်ကျော် ကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ထိုင်းနဲ့ မြန်မာတို့ သဘောတူခဲ့ကြပါတယ်။


မနေ့ သြဂုတ်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (HLC) မှာ ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပွန်ပီပတ် ဘင်ညာဆီရိနဲ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် အခုလို သဘောတူခဲ့ကြတာပါ။
ဒါ့အပြင် နှစ်နိုင်ငံ ပညာရေးနဲ့ စစ်ရေး လေ့ကျင့်မှုတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီနှစ်အတွင်း ကျင်းပဖို့ ရှိတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) နဲ့ ADMM-Plus အစည်းအဝေးတွေကိုလည်း ထိုင်းက အိမ်ရှင်အဖြစ် ကျင်းပမယ့်အပေါ် ယုံကြည်မှု ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (HLC) ကို ၂၀၁၀ ပြည့်နှစ်ကတည်းက ထိုင်းနဲ့ မြန်မာ တစ်လှည့်စီ အိမ်ရှင်အဖြစ် တစ်နှစ်တစ်ခါ ကျင်းပတာ ဖြစ်ပါတယ်။