နယ္စပ္ေရးရာ ဝန္ႀကီးဌာနနဲ႔ ဆြစ္ဇာလန္ ေဖာင္ေဒးရွင္း တို႔အၾကား နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထိုး

0
48

နယ္စပ္ေရးရာဝန္ႀကီးဌာန နယ္စပ္ေဒသနဲ႔ တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳး တိုးတက္ေရး ဦးစီးဌာနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ ပူးေပါင္းေဆာင္႐ြက္ေရး ဆြစ္ဇာလန္ ေဖာင္ေဒးရွင္း (Swiss Foundation For Development Cooperation-SWISSAID) တို႔အၾကား နားလည္မႈ စာခၽြန္လႊာ လက္မွတ္ေရးထိုးပြဲ အခမ္းအနားကို မေန႔က ဇူလုိင္လ ၁၁ ရက္ေန႔က နယ္စပ္ေရးရာဝန္ႀကီးဌာနမွာ က်င္းပခဲ့ပါတယ္။

နားလည္မႈ စာခၽြန္လႊာအရ SWISSAID အေနျဖင့္ နယ္စပ္ေရးရာ ဝန္ႀကီးဌာနႏွင့္ ပူးေပါင္းၿပီး ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔မွာ လူထုအေျချပဳ ဘက္စုံဖြံ႕ၿဖိဳး တိုးတက္ေရး စီမံကိန္း ဆ႒မအဆင့္ကို ၂၀၁၉ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အထိ အေမရိကန္ ေဒၚလာ (၃) သန္းေက်ာ္နဲ႔ ဆက္လက္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

အခုလို အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာမွာလည္း  စီမံကိန္း ေဒသေတြရွိ ၿမိဳ႕နယ္ေပါင္း (၁၆)ၿမိဳ႕နယ္ အတြင္းရွိ ေက်း႐ြာေပါင္း (၁၉၅)႐ြာက  ေဒသခံတိုင္းရင္းသား ျပည္သူ (၃၄၃၆၀)တို႔ရဲ႕ လူမႈစီးပြားဘဝေတြ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေတာ့ မည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားထားပါတယ္။

နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ ဆွစ်ဇာလန် ဖောင်ဒေးရှင်း တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွစ်ဇာလန် ဖောင်ဒေးရှင်း (Swiss Foundation For Development Cooperation-SWISSAID) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မနေ့က ဇူလိုင်လ ၁၁ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။


နားလည်မှု စာချွန်လွှာအရ SWISSAID အနေဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ လူထုအခြေပြု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဆဋ္ဌမအဆင့်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန် ဒေါ်လာ (၃) သန်းကျော်နဲ့ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


အခုလို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း စီမံကိန်း ဒေသတွေရှိ မြို့နယ်ပေါင်း (၁၆)မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း (၁၉၅)ရွာက ဒေသခံတိုင်းရင်းသား ပြည်သူ (၃၄၃၆၀)တို့ရဲ့ လူမှုစီးပွားဘဝတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့ မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားပါတယ်။