နယူးေယာက္တိုင္းမ္က ဘဂၤါလီ ဒုကၡသည္စခန္း အျဖစ္မွန္ေတြကို ေဖာ္ထုတ္ေရးသား

0
3232

သတင္းေထာက္ ဟန္နာ ဘိခ်္ဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံရွိ ဒုကၡသည္စခန္းေတြကို သြားေရာက္ေလ့လာၿပီး ေတြ႔ရွိခ်က္ေတြကို နယူးေယာက္တုိင္းမ္မွာ ေဖာ္ထုတ္ေရးသားခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ေဖာ္ျပခဲ့တဲ့ သူ႔ရဲ႕ ေဆာင္းပါးမွာ မိဘမဲ့ဆိုၿပီး ကေလးေတြကို ဖခင္အရင္းက လိမ္လည္ခိုင္းထားတာ၊ အဲဒီ လိမ္လည္ ခိုင္းသူက ဘဂၤလားေဒ့ရွ္ အမ်ိဳးသမီးေရာ ျမန္မာဘက္က အမ်ိဳးသမီးပါ ဇနီး ၃ ဦးယူထားၿပီး ၁၂ အရြယ္ မိန္းကေလးကို လက္ထပ္ဖို႔ ႀကိဳးစားေနတာ၊ အကူအညီေပးမယ့္သူေတြ လာရင္ ငိုေနတဲ့ ကေလးေတြနဲ႔ အမ်ိဳးသမီးေတြကို ကေလးခ်ီခိုင္းၿပီး ေရွ႕တန္းမွာ ထားတာ၊ ဇနီးသည္ေတြကို ႐ိုက္ႏွက္ႏွိပ္စက္မႈေတြ၊ အသက္ ၉ ႏွစ္အရြယ္ ကေလးငယ္က သူတကယ္ မႀကံဳေတြ႔ခဲ့ရတာေတြကို ေရွ႕ေနာက္မညီဘဲ ဇာတ္လမ္းဆင္ ေျပာဆိုခ်က္ေတြ ပါဝင္ပါတယ္။

ဟန္နာ ဘိခ်္က အသက္ ၉ ႏွစ္အရြယ္ ေယာက်္ားေလးကို ေမးျမန္းခဲ့ရာမွာ သူက အိမ္ပံုဆြဲျပၿပီး သစ္ပင္တစ္ပင္မွာလည္း ျမန္မာစစ္သားေတြက သူ႔မိဘေတြကို ႀကိဳးဆြဲခ် သတ္ထားပံုေတြကို ေရးျပခဲ့ပါတယ္။ သူ႔အဘိုးဟာလည္း ျမန္မာစစ္တပ္က သတ္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္ ဟန္နာ ဘိခ်္က ဆက္လက္ စံုစမ္း ေမးျမန္းရာမွာ ဒီကေလးငယ္ကို ဒုကၡသည္စခန္း ေစ်းအနီးမွာေတြ႔လို႔ ေခၚယူ ေကြ်းေမြးထားၾကတာ ျဖစ္ေၾကာင္း သိရွိခဲ့ပါတယ္။ ကေလးငယ္က သူ႔အဘိုးဟာ ျမန္မာစစ္တပ္က သတ္လို႔ မဟုတ္ဘဲ သူ႔ဟာသူ ေသဆံုးတာျဖစ္ေၾကာင္း ေျပာင္းလဲ ေျပာဆိုခဲ့ပါတယ္။

ကေလးငယ္က ျမန္မာျပည္မွာ လူႀကိဳက္မမ်ား၊ ကစားေလ့မရွိဘဲ ဘဂၤလားေဒ့ရွ္မွာသာ လူႀကိဳက္မ်ား ကစားတဲ့ ခရစ္ကတ္ ကစားနည္းကို ႀကိဳက္ႏွစ္သက္တယ္လို႔ ေျပာဆိုခဲ့ေၾကာင္းလည္း ဟန္နာ ဘိခ်္က ေရးသားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယူးယောက်တိုင်းမ်က ဘင်္ဂါလီ ဒုက္ခသည်စခန်း အဖြစ်မှန်တွေကို ဖော်ထုတ်ရေးသား

သတင်းထောက် ဟန်နာ ဘိချ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး တွေ့ရှိချက်တွေကို နယူးယောက်တိုင်းမ်မှာ ဖော်ထုတ်ရေးသားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖော်ပြခဲ့တဲ့ သူ့ရဲ့ ဆောင်းပါးမှာ မိဘမဲ့ဆိုပြီး ကလေးတွေကို ဖခင်အရင်းက လိမ်လည်ခိုင်းထားတာ၊ အဲဒီ လိမ်လည် ခိုင်းသူက ဘင်္ဂလားဒေ့ရှ် အမျိုးသမီးရော မြန်မာဘက်က အမျိုးသမီးပါ ဇနီး ၃ ဦးယူထားပြီး ၁၂ အရွယ် မိန်းကလေးကို လက်ထပ်ဖို့ ကြိုးစားနေတာ၊ အကူအညီပေးမယ့်သူတွေ လာရင် ငိုနေတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေကို ကလေးချီခိုင်းပြီး ရှေ့တန်းမှာ ထားတာ၊ ဇနီးသည်တွေကို ရိုက်နှက်နှိပ်စက်မှုတွေ၊ အသက် ၉ နှစ်အရွယ် ကလေးငယ်က သူတကယ် မကြုံတွေ့ခဲ့ရတာတွေကို ရှေ့နောက်မညီဘဲ ဇာတ်လမ်းဆင် ပြောဆိုချက်တွေ ပါဝင်ပါတယ်။

ဟန်နာ ဘိချ်က အသက် ၉ နှစ်အရွယ် ယောကျာ်းလေးကို မေးမြန်းခဲ့ရာမှာ သူက အိမ်ပုံဆွဲပြပြီး သစ်ပင်တစ်ပင်မှာလည်း မြန်မာစစ်သားတွေက သူ့မိဘတွေကို ကြိုးဆွဲချ သတ်ထားပုံတွေကို ရေးပြခဲ့ပါတယ်။ သူ့အဘိုးဟာလည်း မြန်မာစစ်တပ်က သတ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဟန်နာ ဘိချ်က ဆက်လက် စုံစမ်း မေးမြန်းရာမှာ ဒီကလေးငယ်ကို ဒုက္ခသည်စခန်း ဈေးအနီးမှာတွေ့လို့ ခေါ်ယူ ကျွေးမွေးထားကြတာ ဖြစ်ကြောင်း သိရှိခဲ့ပါတယ်။ ကလေးငယ်က သူ့အဘိုးဟာ မြန်မာစစ်တပ်က သတ်လို့ မဟုတ်ဘဲ သူ့ဟာသူ သေဆုံးတာဖြစ်ကြောင်း ပြောင်းလဲ ပြောဆိုခဲ့ပါတယ်။ ကလေးငယ်က မြန်မာပြည်မှာ လူကြိုက်မများ၊ ကစားလေ့မရှိဘဲ ဘင်္ဂလားဒေ့ရှ်မှာသာ လူကြိုက်များ ကစားတဲ့ ခရစ်ကတ် ကစားနည်းကို ကြိုက်နှစ်သက်တယ်လို့ ပြောဆိုခဲ့ကြောင်းလည်း ဟန်နာ ဘိချ်က ရေးသားထားပါတယ်။