နမ့္စီေဝါ ေဘလီတံတားမွာ TNLA က ေထာင္ထားတဲ့ လက္လုပ္မုိင္းေတြကုိ တပ္မေတာ္ ဖယ္ရွား

0
96

နမ့္စီေဝါ ေဘလီတံတားမွာ တအာင္း TNLA အဖြဲ႔က ေဖာက္ခြဲဖ်က္ဆီးဖို႔ အသင့္ေထာင္ထားတဲ့ လက္လုပ္မုိင္းေတြကုိ တပ္မေတာ္က ဖယ္ရွားရွင္းလင္းခဲ့တယ္လို႔ တပ္မေတ္ာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။ 

ၾသဂုတ္လ ၂၁ ရက္ေန႔ ညေနပုိင္းမွာ နားမတ္ေက်းရြာရဲ႕ အေရွ႕ေျမာက္ဘက္ မီတာ ၁၀၀၀ ခန္႔အကြာ လား႐ိႈး-နမၼတူသြား ကားလမ္းေပၚရွိ နမ့္စီေဝါ ေဘလီတံတား အရွည္ ၄၀ ေပ၊ အနံ ၁၄ ေပရွိ ၾကမ္းခင္းေအာက္မွာ မုိင္းေထာင္ထားေၾကာင္း သိရွိရတာေၾကာင့္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြနဲ႔ နယ္ေျမခံစစ္ေျမျပင္ အင္ဂ်င္နီယာတပ္က တာဝန္ရွိသူေတြ သြားေရာက္ရွင္းလင္းခဲ့တာ ျဖစ္ပါတယ္။

တံတား တစ္ဖက္တစ္ခ်က္စီမွာ TNLA အဖဲြ႔က ေဖာက္ခြဲဖ်က္ဆီးဖုိ႔ အသင့္ေထာင္ထားတဲ့ အလ်ား ၁၀ လက္မ၊ အနံ ၁၀ လက္မ၊ အျမင့္ ၁၀ လက္မ သံပံုးနဲ႔ ေထာင္ထားတဲ့ လက္လုပ္မုိင္း ၂ လံုးကို ျဖဴးစ္ ၂ ခုနဲ႔ ဝါယာႀကိဳး အရွည္ ၄ ေပစီတြဲလ်က္ ေတြ႕ရွိရလို႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက သက္မဲ့ျပဳလုပ္ေပးႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အဲဒီတံတား ဝန္းက်င္တစ္ဝိုက္ကုိ တပ္မေတာ္ စစ္ေၾကာင္းေတြက နယ္ေျမလံုၿခံဳေရးနဲ႔ နယ္ေျမစုိးမုိးေရး လုပ္ငန္းေတြ  ဆက္လက္ေဆာင္ရြက္ေနပါတယ္။

နမ့်စီဝေါ ဘေလီတံတားမှာ TNLA က ထောင်ထားတဲ့ လက်လုပ်မိုင်းတွေကို တပ်မတော် ဖယ်ရှား


နမ့်စီဝေါ ဘေလီတံတားမှာ တအာင်း TNLA အဖွဲ့က ဖောက်ခွဲဖျက်ဆီးဖို့ အသင့်ထောင်ထားတဲ့ လက်လုပ်မိုင်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။


သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းမှာ နားမတ်ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၁၀ဝ၀ ခန့်အကွာ လားရှိုး-နမ္မတူသွား ကားလမ်းပေါ်ရှိ နမ့်စီဝေါ ဘေလီတံတား အရှည် ၄၀ ပေ၊ အနံ ၁၄ ပေရှိ ကြမ်းခင်းအောက်မှာ မိုင်းထောင်ထားကြောင်း သိရှိရတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်က တာဝန်ရှိသူတွေ သွားရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။


တံတား တစ်ဖက်တစ်ချက်စီမှာ TNLA အဖွဲ့က ဖောက်ခွဲဖျက်ဆီးဖို့ အသင့်ထောင်ထားတဲ့ အလျား ၁၀ လက်မ၊ အနံ ၁၀ လက်မ၊ အမြင့် ၁၀ လက်မ သံပုံးနဲ့ ထောင်ထားတဲ့ လက်လုပ်မိုင်း ၂ လုံးကို ဖြူးစ် ၂ ခုနဲ့ ဝါယာကြိုး အရှည် ၄ ပေစီတွဲလျက် တွေ့ရှိရလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သက်မဲ့ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီတံတား ဝန်းကျင်တစ်ဝိုက်ကို တပ်မတော် စစ်ကြောင်းတွေက နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။