နမ့်စန်မှာ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိ

0
75




နမ့်စန်ရှိ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ ဝင်တွေ ဟာ သြဂုတ် ၂၅ ရက် နေ့က နားပွဲကျေးရွာတစ်ဝိုက် အသေး စိတ်ရှာဖွေစစ်ဆေးစဉ် ရွာရဲ့ အရှေ့မြောက် ဘက် မီတာ ၁၀ဝ၀ ခန့်အကွာကိုအရောက်မှာ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ စတီးပေါင်းအိုး သုံးလုံး၊ မွှေစက် နှစ်လုံး၊ မှိုချောင်း ၁၃၀ဝ ချောင်း၊ အောက်ခံခုံ တစ်ခု၊ မော်တာ တစ်လုံး၊ ကဖင်း ၆၄ အိတ်ကို ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။


မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေကို သြဂုတ် ၂၂ ရက်နဲ့ ၂၃ ရက်နေ့မှာ နားပွဲကျေးရွာအနီး ဖမ်းဆီးရမိခဲ့ပြီး အဲဒီ ပစ္စည်းတွေ အနက် WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား တွေထားတဲ့ ဆာလာအိတ် ၂၇ အိတ်ကို အသေးစိတ် စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေး ပြား စုစုပေါင်း ၅၃ သိန်း (ကာလတန်ဖိုး ၁၀ ဒသမ ၆ ဘီလီယံ) ရှိတာ ဖြစ်ပါတယ်။


ပတ်ဝန်းကျင် တစ်ဝိုက်ကို ဆက်လက် စစ်ဆေးရှာဖွေစဉ် အခုလို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သက်ဆိုင်ရာကို စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တာ ဖြစ်ပါတယ်။