
0
60




နည်းပြ ဆိုးလ်ရှားနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ကွင်းလယ်လူ မာတစ် ပြော

မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ အနာဂတ်အရေးကို တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကွင်းလယ်လူ မာတစ်က ပြောပါတယ်။

ဒီရာသီမှာ အသင်းရဲ့ ပွဲထွက်ကစားသမား စာရင်းနေရာကနေ ချန်လှပ်ခံရပြီးနောက် အသက် ၃၁ နှစ်အရွယ်ရှိ မာတစ်ဟာ နည်းပြ ဆိုးလ်ရှားနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။ မာတစ်ဟာ လက်ရှိရာသီမှာ မန်ချက်စတာ ယူနိုက်တက်အတွက် ပရီးမီယားလိဂ်ပွဲစဉ် တစ်ပွဲမှ မကစားရသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ်နေရာမှာ မာတစ်ကို ကျော်ပြီး လူငယ်ကစားသမား တိုမီနေးကို နည်းပြ ဆိုလ်းရှားက ဦးစားပေး အသုံးပြုနေပါတယ်။ မာတစ်ဟာ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးကနေ မန်ချက်စတာ ယူနိုက်တက်ကို ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး အရင်နည်းပြဟောင်း မော်ရင်ဟို လက်ထက်မှာ ဦးစားပေးခံရသူတစ်ဦး ဖြစ်ပါတယ်။