နည္းပညာ အသုံးျပဳၿပီး ႏိုင္ငံသားကတ္ ထုတ္ေပးျခင္းနဲ႔ ႏိုင္ငံသား စိစစ္ျခင္း လုပ္ငန္းေတြ လုပ္ေဆာင္မယ္

0
368

နည္းပညာကုိ အသုံးျပဳၿပီး နုိင္ငံသားကတ္ ထုတ္ေပးျခင္းနဲ႔ ႏိုင္ငံသားစိစစ္ျခင္း လုပ္ငန္းေတြကုိ အဆင့္ႏွစ္ဆင့္နဲ႔ လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

ေမလ ၈ ရက္ေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚျဖဴျဖဴသင္းက အမ်ဳိးသား မွတ္ပုံတင္ ကတ္ျပားေတြနဲ႔ နုိင္ငံသားစိစစ္ေရး ကတ္ျပားေတြ အပါအဝင္ ကုိယ္ေရး အခ်က္အလက္ေတြ၊ လက္ရွိ အသုံးျပဳေနတဲ့ ဖုိင္ေတြကုိ ဒီဂ်စ္တယ္စနစ္နဲ႔ ေျပာင္းလဲအသုံးျပဳရန္ ရွိ၊ မရွိ ေမးျမန္းခဲ့တဲ့အေပၚ အခုလုိ ျပန္လည္ေျဖၾကားခဲ့တာပါ။

နည္းပညာနဲ႔ ႏုိင္ငံသားကတ္ ထုတ္ေပးတဲ့စနစ္ကုိ ေဆာင္ရြက္ရာမွာ လူတစ္ဦးခ်င္းအတြက္ Unique ID Number တစ္ခုစီေပးၿပီး Datebase မွာ မွတ္ပုံတင္ ထိန္းသိမ္းျခင္းကို ပထမအဆင့္ အေနနဲ႔ လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာၾကားခဲ့ပါတယ္။

နည်းပညာ အသုံးပြုပြီး နိုင်ငံသားကတ် ထုတ်ပေးခြင်းနဲ့ နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းတွေ လုပ်ဆောင်မယ်


နည်းပညာကို အသုံးပြုပြီး နိုင်ငံသားကတ် ထုတ်ပေးခြင်းနဲ့ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းတွေကို အဆင့်နှစ်ဆင့်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။


မေလ ၈ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက အမျိုးသား မှတ်ပုံတင် ကတ်ပြားတွေနဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ အပါအဝင် ကိုယ်ရေး အချက်အလက်တွေ၊ လက်ရှိ အသုံးပြုနေတဲ့ ဖိုင်တွေကို ဒီဂျစ်တယ်စနစ်နဲ့ ပြောင်းလဲအသုံးပြုရန် ရှိ၊ မရှိ မေးမြန်းခဲ့တဲ့အပေါ် အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။


နည်းပညာနဲ့ နိုင်ငံသားကတ် ထုတ်ပေးတဲ့စနစ်ကို ဆောင်ရွက်ရာမှာ လူတစ်ဦးချင်းအတွက် Unique ID Number တစ်ခုစီပေးပြီး Datebase မှာ မှတ်ပုံတင် ထိန်းသိမ်းခြင်းကို ပထမအဆင့် အနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။