ဒံုးဒလက္ကို ၾကည့္လုိက္ရင္ ဘယ္သူ႔ လက္ခ်က္ဆိုတာ သိလိမ့္မယ္လို႔ သမၼတ႐ံုးေျပာ

0
148

ကေလး ၃ ဦး အပါအဝင္ အရပ္သားေတြ ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး ဒံုးဒလက္ကိုၾကည့္လိုက္ပါက ဘယ္သူ႔ လက္ခ်က္ဆိုတာကို  သိလိမ့္မယ္လို႔ ႏိုင္ငံေတာ္သမၼတရံုးရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေျပာပါတယ္။

က်ိဳင္းတံုၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ အစိုးရရဲ႕ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာ န (NRPC) နဲ႔ ေျမာက္ပိုင္းေလးဖြဲ႔ (KIA, TNLA, AA, MNDAA) တို႔ ေတြ႕ဆံုေဆြးေႏြးမႈအၿပီး သတင္းစာရွင္းလင္းပြဲမွာ ဦးေဇာ္ေဌးက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၾသဂုတ္လ ၃၁ ရက္ေန႔မနက္ပိုင္းက ကြတ္ခိုင္ၿမိဳ႕နယ္တစ္ဝိုက္ မွာ တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားၿပီး ေမာ္ဟစ္စုစည္း ေက်းရြာအတြင္း လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ကေလး ၃ ဦးအပါအဝင္ ေဒသခံအရပ္သား ၅ ဦး ေသဆံုးခဲ့တာနဲ႔ ပတ္သက္ၿပီး ဦးေဇာ္ေဌး ကေျပာဆိုခဲ့တာပါ။

ဒုံးဒလက်ကို ကြည့်လိုက်ရင် ဘယ်သူ့လက်ချက်ဆိုတာ သိလိမ့်မယ်လို့ သမ္မတရုံးပြော


ကလေး ၃ ဦး အပါအဝင် အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒုံးဒလက်ကိုကြည့်လိုက်ပါက ဘယ်သူ့ လက်ချက်ဆိုတာကို သိလိမ့်မယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။


ကျိုင်းတုံမြို့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ န (NRPC) နဲ့ မြောက်ပိုင်းလေးဖွဲ့ (KIA, TNLA, AA, MNDAA) တို့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောကြားခဲ့တာဖြစ်ပါတယ်။


သြဂုတ်လ ၃၁ ရက်နေ့မနက်ပိုင်းက ကွတ်ခိုင်မြို့နယ်တစ်ဝိုက် မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီး မော်ဟစ်စုစည်း ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၃ ဦးအပါအဝင် ဒေသခံအရပ်သား ၅ ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ဦးဇော်ဌေး ကပြောဆိုခဲ့တာပါ။