ဒံုးက်ည္စမ္းသပ္မႈ လံုၿခံဳေရးေကာင္စီမွာ အေမရိကန္နဲ႔ ႐ုရွား သေဘာထား ကြဲလြဲ

0
64

ဒုံးက်ည္စမ္းသပ္မႈ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ က်င္းပခဲ့တဲ့ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အေရးေပၚ အစည္းအေဝးမွာ အေမရိကန္နဲ႔ ႐ုရွားတို႔ အျပန္အလွန္ စြပ္စြဲမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

အေမရိကန္က ေျမျပင္ကေန ခ႐ုဇ္ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးတဲ့ေနာက္ ႐ုရွားနဲ႔ တ႐ုတ္တို႔ရဲ႕ ေတာင္းဆိုခ်က္အရ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ အဲဒီအစည္းအေဝးကို က်င္းပခဲ့ပါတယ္။ အဲဒီလို ဒုံးက်ည္တီထြင္ ထုတ္လုပ္တာေတြကို ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂ ရက္ေန႔မွာ သက္တမ္းကုန္ဆုံးသြားတဲ့ တာလတ္ပစ္ ႏ်ဴကလီးယား ဒုံးက်ည္ဆိုင္ရာ သေဘာတူစာခ်ဳပ္ (INF) က တားျမစ္ထားပါတယ္။

အေမရိကန္နဲ႔ ႐ုရွားတို႔အၾကား သေဘာတူစာခ်ဳပ္ အဆုံးသတ္သြားရတာဟာ အေမရိကန္အစိုးရေၾကာင့္လို႔ ႐ုရွား ဒုတိယ သံအမတ္ ဒီမီထရီ ပိုလီယန္စကီးက အျပစ္တင္ခဲ့ၿပီး ထိန္းခ်ဳပ္လို႔မရ၊ ကန္႔သတ္လို႔မရတဲ့ လက္နက္ၿပိဳင္ပြဲသစ္ ျဖစ္ေပၚလာလိမ့္မယ္ဆိုၿပီး သတိေပးေျပာဆိုခဲ့ပါတယ္။

ဒုံးကျည်စမ်းသပ်မှု လုံခြုံရေးကောင်စီမှာ အမေရိကန်နဲ့ ရုရှား သဘောထား ကွဲလွဲ

ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ အမေရိကန်နဲ့ ရုရှားတို့ အပြန်အလှန် စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အမေရိကန်က မြေပြင်ကနေ ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက် ရုရှားနဲ့ တရုတ်တို့ရဲ့ တောင်းဆိုချက်အရ သြဂုတ်လ ၂၂ ရက်နေ့မှာ အဲဒီအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဲဒီလို ဒုံးကျည်တီထွင် ထုတ်လုပ်တာတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားတဲ့ တာလတ်ပစ် နျူကလီးယား ဒုံးကျည်ဆိုင်ရာ သဘောတူစာချုပ် (INF) က တားမြစ်ထားပါတယ်။

အမေရိကန်နဲ့ ရုရှားတို့အကြား သဘောတူစာချုပ် အဆုံးသတ်သွားရတာဟာ အမေရိကန်အစိုးရကြောင့်လို့ ရုရှား ဒုတိယ သံအမတ် ဒီမီထရီ ပိုလီယန်စကီးက အပြစ်တင်ခဲ့ပြီး ထိန်းချုပ်လို့မရ၊ ကန့်သတ်လို့မရတဲ့ လက်နက်ပြိုင်ပွဲသစ် ဖြစ်ပေါ်လာလိမ့်မယ်ဆိုပြီး သတိပေးပြောဆိုခဲ့ပါတယ်။