ဒုကၡသည္ေတြ ေနရပ္ျပန္ေရး မေအာင္ျမင္မႈ ျမန္မာကို ဘဂၤလားေဒ့ရွ္ အျပစ္တင္

0
99

ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ဒုတိယအႀကိမ္ ႀကိဳးပမ္းမႈ မေအာင္ျမင္တာဟာ ျမန္မာေၾကာင့္ ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ အစိုးရက အျပစ္တင္လိုက္ပါတယ္။

ေနရပ္ျပန္ပို႔ေရး ႏွစ္ႏိုင္ငံသေဘာတူခ်က္အရ ဒုကၡသည္ေတြ ဆႏၵအေလ်ာက္ ေနရပ္ျပန္ေရး တိုက္တြန္းဖို႔အတြက္ ျမန္မာအေပၚမွာသာ လံုးဝ တည္မွီေနတယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၂ ရက္ေန႔ ေနရပ္ျပန္ပို႔ေရး ဒုတိယအႀကိမ္ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တာ၊ အခုလအတြင္း ဘဂၤါလီေတြ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးမႈ ႏွစ္ႏွစ္ျပည့္တာေတြ ျဖစ္ၿပီးေနာက္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အခုလို သတင္းထုတ္ျပန္ၿပီး အျပစ္တင္ခဲ့တာ ျဖစ္ပါတယ္။ ဘဂၤါလီေတြ ေနရပ္မျပန္ေအာင္ NGO တခ်ိဳ႕က အဟန္႔အတား လုပ္ေနတယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ေျပာခဲ့ပါတယ္။

<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဒုတိယအကြိမ် ကြိုးပမ်းမှု မအောင်မြင်တာဟာ မြန်မာကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အပြစ်တင်လိုက်ပါတယ်။

နေရပ်ပြန်ပို့ရေး နှစ်နိုင်ငံသဘောတူချက်အရ ဒုက္ခသည်တွေ ဆန္ဒအလျောက် နေရပ်ပြန်ရေး တိုက်တွန်းဖို့အတွက် မြန်မာအပေါ်မှာသာ လုံးဝ တည်မှီနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ နေရပ်ပြန်ပို့ရေး ဒုတိယအကြိမ် ကြိုးပမ်းမှု မအောင်မြင်ခဲ့တာ၊ အခုလအတွင်း ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးမှု နှစ်နှစ်ပြည့်တာတွေ ဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို သတင်းထုတ်ပြန်ပြီး အပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂါလီတွေ နေရပ်မပြန်အောင် NGO တချို့က အဟန့်အတား လုပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။