
0
34




ဒုက္ခသည်တွေ နေရပ်ပြန်ရေး အမေရိကန် ဆက်လက် ထောက်ခံ


ဘင်္ဂါလီ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အမေရိကန် ပြည်ထောင်စုက ဆက်လက် ထောက်ခံနေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အားလ် အာရ် မေလာက ပြောပါတယ်။


ဘင်္ဂလားဒေ့ရှ် ဝန်ကြီးများရုံးမှာ လမ်းပန်းဆက်သွယ်ရေးနှင့် တံတားများဆိုင်ရာ ဝန်ကြီး အိုဘိုင်ဒူလ် ကွာဒါနဲ့ သံအမတ်ကြီးတို့ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာကို ကျေးဇူးတင်ကြောင်းလည်း အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။


ဒါ့အပြင် အမေရိကန် သံအမတ်ကြီးက တချို့ NGO တွေရဲ့ လုပ်ရပ်ကိုလည်း စုံစမ်းမေးမြန်းကြောင်း၊ ဒုက္ခသည်စခန်းမှာ ဝတ်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရဆီကနေ ခွင့်ပြုချက်တောင်းခဲ့ပြီး တကယ့်လက်တွေ့မှာ ချီတက် ဆန္ဒပြခဲ့ကြတဲ့အပေါ် စုံစမ်းစစ်ဆေးနေမှုကိုလည်း မေးမြန်းကြောင်း ဝန်ကြီး ကွာဒါက ပြောပါတယ်။