ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ကူညီေပးဖို႔ ဘဂၤလားေဒ့ရွ္က ထိုင္းကို တိုက္တြန္း

0
55

ျမန္မာႏိုင္ငံ၊ ရခုိင္ျပည္နယ္မွာ အလုပ္ျဖစ္မယ့္ ပတ္ဝန္းက်င္ ဖန္တီးေရး ေဆြးေႏြးမႈ ပိုမို ေလးနက္ေစဖို႔ အာဆီယံရဲ႕ လက္ရွိ အလွည့္က် ဥကၠ႒ ထိုင္းႏိုင္ငံကို ဘဂၤလားေဒ့ရွ္က တိုက္တြန္းလိုက္ပါတယ္။

ၿပီးခဲ့တဲ့ လအတြင္း ဘဂၤါလီ မြတ္စလင္ေတြ ေနရပ္ျပန္ပို႔ေရး ဒုတိယအႀကိမ္ မေအာင္ျမင္ ျဖစ္ၿပီးေနာက္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီး ေအ ေက အဗၺဒူ မိုမင္က အခုလို တိုက္တြန္းလိုက္တာ ျဖစ္ပါတယ္။  

ဘဂၤါလီ မြတ္စလင္ေတြ ေနရပ္ျပန္ပို႔ေရး ဒုတိယအႀကိမ္ ႀကိဳးပမ္းမႈ မေအာင္ျမင္ ျဖစ္ၿပီးေနာက္ ဘဂၤလားေဒ့ရွ္က တခ်ိဳ႕ NGO ေတြက ဘဂၤါလီေတြ ေနရပ္မျပန္ေအာင္ ဟန္႔တားေနတယ္လို႔ စြပ္စြဲထားပါတယ္။ ဒါ့အျပင္ အတိုက္အခံ ဘဂၤလားေဒ့ရွ္ ေနရွင္လစ္ပါတီကလည္း ရွိတ္ခ္ ဟာဆီနာ အစိုးရကို သံတမန္ေရးရာမွာ က်႐ံႈးေၾကာင္းနဲ႔ ျမန္မာေနာက္မွာ တ႐ုတ္၊ အိႏၵိယ၊ ဂ်ပန္၊ ႐ုရွားတို႔ ရွိေနေပမယ့္ ဘဂၤလားေဒ့ရွ္ ေနာက္မွာ ဘယ္ႏိုင္ငံမွ မရွိဘူးလို႔ ေဝဖန္ထိုးႏွက္မႈေတြ ရွိေနပါတယ္။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်က ထိုင်းကို တိုက်တွန်း


မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ အလုပ်ဖြစ်မယ့် ပတ်ဝန်းကျင် ဖန်တီးရေး ဆွေးနွေးမှု ပိုမို လေးနက်စေဖို့ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံကို ဘင်္ဂလားဒေ့ရှ်က တိုက်တွန်းလိုက်ပါတယ်။


ပြီးခဲ့တဲ့ လအတွင်း ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ပို့ရေး ဒုတိယအကြိမ် မအောင်မြင် ဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အေ ကေ အဗ္ဗဒူ မိုမင်က အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။


ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ပို့ရေး ဒုတိယအကြိမ် ကြိုးပမ်းမှု မအောင်မြင် ဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်က တချို့ NGO တွေက ဘင်္ဂါလီတွေ နေရပ်မပြန်အောင် ဟန့်တားနေတယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်လစ်ပါတီကလည်း ရှိတ်ခ် ဟာဆီနာ အစိုးရကို သံတမန်ရေးရာမှာ ကျရှုံးကြောင်းနဲ့ မြန်မာနောက်မှာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှားတို့ ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ် နောက်မှာ ဘယ်နိုင်ငံမှ မရှိဘူးလို့ ဝေဖန်ထိုးနှက်မှုတွေ ရှိနေပါတယ်။