ဒုကၡသည္ေတြ လက္ခံထားရမႈ ဘဂၤလားေဒ့ရွ္ ေဒသခံေတြ သည္းခံႏိုင္မႈ နည္းလာ

0
168

သိန္းနဲ႔ခ်ီတဲ့ ဘဂၤါလီေတြ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးေရာက္ရွိလာစဥ္က ဘဂၤလားေဒ့ရွ္ ေဒသခံေတြက ႀကိဳဆိုခဲ့ၾကေပမယ့္ ႏွစ္ႏွစ္ေလာက္ ၾကာလာတဲ့အခါမွာေတာ့ သည္းမခံႏိုင္မႈ၊ ဘဝင္မက်မႈ၊ ေဒါသျဖစ္မႈနဲ႔ ေၾကာက္ရြံမႈေတြ ျဖစ္လာၾကတယ္လို႔ AFP သတင္းဌာနက ေရးသားတဲ့ ေဆာင္းပါးတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။

အစကေတာ့ မြတ္စလင္ေတြျဖစ္တဲ့အတြက္ ကူညီခဲ့ၾကေၾကာင္း၊ သူတို႔ ႏွစ္လ၊ သံုးလေလာက္သာ ေနၾကၿပီး ေနရပ္ျပန္ၾကမယ္လို႔ ထင္ခဲ့ေၾကာင္း၊ ဒါေပမယ့္ အခုအေျခအေနက ေနာက္ထပ္ ဘဂၤါလီေတြ ထပ္ေရာက္မယ္လို႔ ထင္ရေၾကာင္း မစၥတာ ရီယာဇူလ္ ဟာကီက ေျပာပါတယ္။ ဟာကီက ဘဂၤါလီ မိသားစု ၆၀ ကို အူကီယာရွိ သူပိုင္ဆိုင္တဲ့ ေျမေပၚမွာ လက္ခံထားေပးသူ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ ေဒသခံေတြက လူဦးေရ ထူထပ္ၿပီး ရာဇဝတ္မႈ ထူေျပာလာမႈ၊ သစ္ေတာျပဳန္းတီးမႈ၊ အလုပ္လက္မဲ့ ျဖစ္မႈေတြအတြက္လည္း ဘဂၤါလီ ဒုကၡသည္ေတြကို အျပစ္တင္ေနၾကပါတယ္။ မစၥတာ မိုဟာမက္ ဆိုဂ်ိဳဟာ သံုးဘီးဆိုင္ကယ္ ေမာင္းတဲ့ အလုပ္ကေန ျပဳတ္ခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သံုးဘီးဆိုင္ကယ္ ပိုင္ရွင္က လုပ္ခ နည္းနည္းပဲ ေပးရတဲ့၊ တရားဝင္ အလုပ္လုပ္ခြင့္ ျပဳမထားတဲ့ ဘဂၤါလီ ဒုကၡသည္ေတြကိုသာ အလုပ္ေပးေတာ့တဲ့အတြက္ ျဖစ္ပါတယ္။

တခ်ိဳ႕ဘဂၤါလီ မိသားစုေတြက ဒုကၡသည္စခန္းထဲကေန ထြက္ၿပီး အျပင္မွာ အေျခခ်ေနထိုင္တာေတြ ရွိတဲ့အတြက္ စခန္းထဲကို ဖိအားေပး ျပန္လည္ ေရႊ႕ေျပာင္းခိုင္းရတာ၊ ေဒသခံေက်ာင္းေတြမွာ ေက်ာင္းအပ္ထားတဲ့ ကေလးေတြကို ေက်ာင္းထုတ္ခိုင္းရတာေတြလည္း ရွိေနပါတယ္။ ဒါ့အျပင္ မူးယစ္ေဆးဝါး ျပႆနာေတြလည္း ရွိေနၿပီး မက္သာဖက္တမင္း၊ ယာဘ မူးယစ္ေဆးျပားေတြ သယ္လို႔ ဘဂၤလားေဒ့ရွ္ ရဲနဲ႔ ပစ္ခတ္မႈျဖစ္ၿပီး ပစ္သတ္ခံရတဲ့ ဘဂၤါလီ အနည္းဆံုး ၁၃ ဦး ရွိပါတယ္။

ဒုက္ခသည်တွေ လက်ခံထားရမှု ဘင်္ဂလားဒေ့ရှ် ဒေသခံတွေ သည်းခံနိုင်မှု နည်းလာ

သိန်းနဲ့ချီတဲ့ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရောက်ရှိလာစဉ်က ဘင်္ဂလားဒေ့ရှ် ဒေသခံတွေက ကြိုဆိုခဲ့ကြပေမယ့် နှစ်နှစ်လောက် ကြာလာတဲ့အခါမှာတော့ သည်းမခံနိုင်မှု၊ ဘဝင်မကျမှု၊ ဒေါသဖြစ်မှုနဲ့ ကြောက်ရွံမှုတွေ ဖြစ်လာကြတယ်လို့ AFP သတင်းဌာနက ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

အစကတော့ မွတ်စလင်တွေဖြစ်တဲ့အတွက် ကူညီခဲ့ကြကြောင်း၊ သူတို့ နှစ်လ၊ သုံးလလောက်သာ နေကြပြီး နေရပ်ပြန်ကြမယ်လို့ ထင်ခဲ့ကြောင်း၊ ဒါပေမယ့် အခုအခြေအနေက နောက်ထပ် ဘင်္ဂါလီတွေ ထပ်ရောက်မယ်လို့ ထင်ရကြောင်း မစ္စတာ ရီယာဇူလ် ဟာကီက ပြောပါတယ်။ ဟာကီက ဘင်္ဂါလီ မိသားစု ၆၀ ကို အူကီယာရှိ သူပိုင်ဆိုင်တဲ့ မြေပေါ်မှာ လက်ခံထားပေးသူ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒေသခံတွေက လူဦးရေ ထူထပ်ပြီး ရာဇဝတ်မှု ထူပြောလာမှု၊ သစ်တောပြုန်းတီးမှု၊ အလုပ်လက်မဲ့ ဖြစ်မှုတွေအတွက်လည်း ဘင်္ဂါလီ ဒုက္ခသည်တွေကို အပြစ်တင်နေကြပါတယ်။ မစ္စတာ မိုဟာမက် ဆိုဂျိုဟာ သုံးဘီးဆိုင်ကယ် မောင်းတဲ့ အလုပ်ကနေ ပြုတ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးဘီးဆိုင်ကယ် ပိုင်ရှင်က လုပ်ခ နည်းနည်းပဲ ပေးရတဲ့၊ တရားဝင် အလုပ်လုပ်ခွင့် ပြုမထားတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကိုသာ အလုပ်ပေးတော့တဲ့အတွက် ဖြစ်ပါတယ်။

တချို့ဘင်္ဂါလီ မိသားစုတွေက ဒုက္ခသည်စခန်းထဲကနေ ထွက်ပြီး အပြင်မှာ အခြေချနေထိုင်တာတွေ ရှိတဲ့အတွက် စခန်းထဲကို ဖိအားပေး ပြန်လည် ရွှေ့ပြောင်းခိုင်းရတာ၊ ဒေသခံကျောင်းတွေမှာ ကျောင်းအပ်ထားတဲ့ ကလေးတွေကို ကျောင်းထုတ်ခိုင်းရတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး ပြဿနာတွေလည်း ရှိနေပြီး မက်သာဖက်တမင်း၊ ယာဘ မူးယစ်ဆေးပြားတွေ သယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲနဲ့ ပစ်ခတ်မှုဖြစ်ပြီး ပစ်သတ်ခံရတဲ့ ဘင်္ဂါလီ အနည်းဆုံး ၁၃ ဦး ရှိပါတယ်။