
0
55




ဒီချုပ်အစိုးရကို အာဏာရှင်စနစ်ဆက်လက် တည်တံ့ရေးလိုလားသူတွေက ဘက်ပေါင်းစုံကထိုးနှက်နေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကို အာဏာရှင်စနစ်ဆက်လက် တည်တံ့ရေး ကိုလိုလားသူတွေက ဘက်ပေါင်းစုံက ထိုးနှက်နေတယ်လို့ ရှစ်လေးလုံး အရေးတော်ပုံ (၃၁)နှစ်ပြည့် အခမ်းအနား ကို ပးပို့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကိုလည်း ပြည်သူ တွေ အထင်မှား စိတ်ပျက်လာ အောင် ဝါဒဖြန့်ယန္တရားတွေနဲ့ ငွေအင်အားကို အလုံးအရင်းအ သုံးပြုပြီး ဆောင်ရွက်နေသည်ကို မြင်တွေ့နေရကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

လက်ရှိ အခြေအနေမှာ တိုင်းရင်းသားပြည်သူလူထု တွေဟာ တစ်ဦးချင်းအဖြစ်၊ အစုအဖွဲ့အဖြစ် နိုင်ငံတော်ကို ပြန်လည်ထူထောင်တဲ့ တစ် တပ်တစ်အားပါဝင်ဆောင်ရွက် နေကြတာကို လည်း တွေ့မြင်ရတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။