ဒိန္းမတ္ရဲ႕ အကူအညီနဲ႔ ရခိုင္ျပည္နယ္က အေသးစားအလတ္စားလုပ္ငန္းတြကို ကူညီမယ္

0
525

ဒိန္းမတ္ႏုိင္ငံရဲ႕အကူအညီနဲ႔ ရခိုင္ျပည္နယ္အတြင္းက အေသးစားအလတ္စာလုပ္ငန္းေတြကို အကူအညီေတြ ေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ဒိန္းမတ္ႏုိင္ငံရဲ႕အကူအညီနဲ႔ ရခုိင္ျပည္နယ္အတြင္းက အေသးစားအလတ္စားလုပ္ငန္းေတြကို အကူအညီေပးႏုိင္ေရး အတြက္ ရခုိင္ျပည္နယ္က စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ Responsible Business Fund –Myanmar အဖြဲ႔တုိ႔ဟာ ဇြန္လ ၁၃ ရက္ေန႔က ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

လုပ္ငန္းရွင္ေတြအေနနဲ႔ လုပ္ငန္းေတြမွာ တာဝန္္ယူမႈတာဝန္ခံမႈအေလ့အက်င္ေတြျဖစ္လာဖုိ႔အတြက္ ရည္ရြယ္ၿပီးေတာ့ RBF ျမန္မာက အခုလိုအကူအညီေတြေပးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

အင္တာဗ်ဴး – ဦးသာလင္းထက္ (မန္ေနဂ်ာ)

    Responsible Business Fund RBF –Myanmar

အကူအညီေတြကိုေတာ့ လုပ္ငန္းအမ်ိဳးအစားခြဲျခားထားတာမ်ိဳးမရွိဘဲ သတ္မွတ္ထားတဲ့လုပ္ငန္း ဧရိယာ ၇ ခုနဲ႔ ကိုက္ညီလို႔ရွိရင္ လုပ္ငန္းအမ်ိဳးအစားအလိုက္ က်ပ္သိန္း ၄၀၀ ကေန က်ပ္သိန္း ၅၀၀ အထိကို ေထာက္ပံ့ကူညီေပးသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အင္တာဗ်ဴး – ဦးသာလင္းထက္ (မန္ေနဂ်ာ)

    Responsible Business Fund RBF –Myanmar

ေလွ်ာက္ထားလိုတဲ့ လုပ္ငန္းရွင္ေတြအေနနဲ႔ ေလွ်ာက္ထားမႈပံုစံကို ႏွစ္ဆင့္ေလွ်ာက္ရမွာျဖစ္ၿပီး ပထမအဆင့္ကို လာမယ့္ ဇူလိုုင္လ ၂၂ ရက္ေန႔ကို ေနာက္ဆံုးထားေလွ်ာက္ရမွာျဖစ္ၿပီး ဒုတိယအဆင့္ေလွ်ာက္လႊာကိုေတာ့ ႏုိဝင္ဘာလအတြင္းမွာ ေလွ်ာက္ထားၾကရမွာပဲျဖစ္ပါတယ္ ခင္ဗ်ား။

ဒိန်းမတ်နိုင်ငံရဲ့အကူအညီနဲ့ ရခိုင်ပြည်နယ်အတွင်းက အသေးစားအလတ်စာလုပ်ငန်းတွေကို အကူအညီတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့အကူအညီနဲ့ ရခိုင်ပြည်နယ်အတွင်းက အသေးစားအလတ်စားလုပ်ငန်းတွေကို အကူအညီပေးနိုင်ရေး အတွက် ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Responsible Business Fund –Myanmar အဖွဲ့တို့ဟာ ဇွန်လ ၁၃ ရက်နေ့က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေမှာ တာဝန်ယူမှုတာဝန်ခံမှုအလေ့အကျင်တွေဖြစ်လာဖို့အတွက် ရည်ရွယ်ပြီးတော့ RBF မြန်မာက အခုလိုအကူအညီတွေပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အင်တာဗျူး – ဦးသာလင်းထက် (မန်နေဂျာ)
Responsible Business Fund RBF –Myanmar

အကူအညီတွေကိုတော့ လုပ်ငန်းအမျိုးအစားခွဲခြားထားတာမျိုးမရှိဘဲ သတ်မှတ်ထားတဲ့လုပ်ငန်း ဧရိယာ ၇ ခုနဲ့ ကိုက်ညီလို့ရှိရင် လုပ်ငန်းအမျိုးအစားအလိုက် ကျပ်သိန်း ၄၀ဝ ကနေ ကျပ်သိန်း ၅၀ဝ အထိကို ထောက်ပံ့ကူညီပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာဗျူး – ဦးသာလင်းထက် (မန်နေဂျာ)
Responsible Business Fund RBF –Myanmar

လျှောက်ထားလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လျှောက်ထားမှုပုံစံကို နှစ်ဆင့်လျှောက်ရမှာဖြစ်ပြီး ပထမအဆင့်ကို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့ကို နောက်ဆုံးထားလျှောက်ရမှာဖြစ်ပြီး ဒုတိယအဆင့်လျှောက်လွှာကိုတော့ နိုဝင်ဘာလအတွင်းမှာ လျှောက်ထားကြရမှာပဲဖြစ်ပါတယ် ခင်ဗျား။