ဒါ႐ိုက္တာ မင္းထင္ကုိကိုႀကီး အမႈ အခုလကုန္မွာ အၿပီးသတ္အမိန္႔ခ်မယ္

0
36

ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆုိခံထားရတဲ့ ဒါ႐ိုက္တာ မင္းထင္ကုိကုိႀကီး အမႈကုိ အခု ၾသဂုတ္လ ၂၉ ရက္ေန႔ ႐ံုးခ်ိန္းမွာ အၿပီးသတ္ အမိန္႔ခ်သြားမွာ ျဖစ္ပါတယ္။

ၾသဂုတ္လ ၁၅ ရက္ေန႔က အင္းစိန္ၿမိဳ႕နယ္ ေျမာက္ပိုင္းခ႐ိုင္တရား႐ံုးမွာ ႐ံုးထုတ္ခဲ့တာ ျဖစ္ၿပီး ကုိယ္တုိင္ စစ္ေဆးမႈခံယူခဲ့ၿပီးေနာက္ အမိန္႔နဲ႔ပတ္သက္လို႔ ဘာမွေမ်ွာ္လင့္ထားျခင္း မရွိေၾကာင္းနဲ႔ တရားသူႀကီးရဲ႕ ဆင္ျခင္တုံတရားကုိ တစ္ႏုိင္ငံလုံး ျမင္ေတြ႔ရမွာျဖစ္ေၾကာင္း ႐ံုးခ်ိန္းအၿပီးမွာ ဒါ႐ိုက္တာ မင္းထင္ကုိကုိႀကီးက ေျပာခဲ့ပါတယ္။

Facebook လူမႈကြန္ရက္မွာ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ကေန မတ္လ ၂၂ ရက္ေန႔အတြင္း တင္ခဲ့တဲ့ ပုိ႔စ္ ၁၀ ခုနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာကုိ ထိခုိက္နစ္နာေစဖုိ႔ သာမက အမ်ားျပည္သူ အၾကည္ညိဳပ်က္ေအာင္ ဂုဏ္သိကၡာညိွဳးႏြမ္းေစတဲ့ အျပဳအမူ လုပ္ေဆာင္ခဲ့တယ္ဆုိၿပီး ဒါ႐ိုက္တာ မင္းထင္ကုိကုိႀကီးကုိ  တပ္မေတာ္က တရားစြဲဆုိခဲ့တာ ျဖစ္ပါတယ္။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အမှု အခုလကုန်မှာ အပြီးသတ်အမိန့်ချမယ်


ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး အမှုကို အခု သြဂုတ်လ ၂၉ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ် အမိန့်ချသွားမှာ ဖြစ်ပါတယ်။


သြဂုတ်လ ၁၅ ရက်နေ့က အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပြီး ကိုယ်တိုင် စစ်ဆေးမှုခံယူခဲ့ပြီးနောက် အမိန့်နဲ့ပတ်သက်လို့ ဘာမှမျှော်လင့်ထားခြင်း မရှိကြောင်းနဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားကို တစ်နိုင်ငံလုံး မြင်တွေ့ရမှာဖြစ်ကြောင်း ရုံးချိန်းအပြီးမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောခဲ့ပါတယ်။


Facebook လူမှုကွန်ရက်မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အတွင်း တင်ခဲ့တဲ့ ပို့စ် ၁၀ ခုနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေဖို့ သာမက အများပြည်သူ အကြည်ညိုပျက်အောင် ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အပြုအမူ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။