ဒဏ္ရာျပသာနာေၾကာင္႔ေဖ်ာ္ေျဖပြဲေရႊ႕ဆုိင္းလုိက္ရတဲ့ မက္ေဒါနား

0
46

ကမာၻေက်ာ္အဆိုေတာ္ မက္ေဒါနားဟာ ဒူးဒဏ္ရာေၾကာင့္ေဖ်ာ္ေျဖဖုိ႔ စီစဥ္ထားတဲ့ ပြဲကို ေရႊ႕ဆုိင္းလုိက္ရပါတယ္။

အသက္ ၆၁ ႏွစ္အရြယ္ရွိမက္ေဒါနား ဟာ အေမရိကန္ႏုိင္ငံ နယူးေယာက္ျမိဳ႕ မွာက်င္းပတဲ့ ‘Madame X Tour’  ေဖ်ာ္ေျဖပြဲကို ပါ၀င္ႏုိင္မွာမဟုတ္ေတာ့ဘူးလို႔အေမရိကန္မီဒီယာေတြကေဖာ္ျပပါတယ္။ မက္ေဒါနား ဟာ ဒဏ္ရာကိုအနားယူကုသဖုိ႔ လိုေနတဲ့အတြက္ ေဖ်ာ္ေျဖပြဲေတြကို ေရႊ႕ဆုိင္းလုိက္ရတာလည္း ျဖစ္ပါတယ္။

ဒဏ္ရာကို ျပန္သက္သာေအာင္ကုသဖုိ႔ ေနာက္သံုးရက္ခန္႔အနားရယူရမယ္လို႔ မက္ေဒါနားက သတင္းထုတ္ျပန္ ထားပါတယ္။ စီစဥ္ထားတဲ့ ေဖ်ာ္ေျဖပြဲေတြ ေရႊ႕ဆုိင္းလုိက္ရတာ စိတ္မေကာင္းေၾကာင္း ၊ လက္မွတ္၀ယ္ယူ ထားတဲ့ ပရိသတ္ေတြအေနနဲ႔ လက္မွတ္ခ ဆံုးရွံုးမွာမဟုတ္ဘဲ ေဖ်ာ္ေျဖပြဲျပန္လုပ္ခ်ိန္မွာ အားေပးခြင့္ရမွာ ျဖစ္ေၾကာင္း မက္ေဒါနားက ဆုိပါတယ္။

ဒဏ်ရာပြသာနာကြောင့်ဖျော်ဖြေပွဲရွှေ့ဆိုင်းလိုက်ရတဲ့ မက်ဒေါနား

ကမ္ဘာကျော်အဆိုတော် မက်ဒေါနားဟာ ဒူးဒဏ်ရာကြောင့်ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိမက်ဒေါနား ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာကျင်းပတဲ့ ‘Madame X Tour’ ဖျော်ဖြေပွဲကို ပါဝင်နိုင်မှာမဟုတ်တော့ဘူးလို့အမေရိကန်မီဒီယာတွေကဖော်ပြပါတယ်။ မက်ဒေါနား ဟာ ဒဏ်ရာကိုအနားယူကုသဖို့ လိုနေတဲ့အတွက် ဖျော်ဖြေပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတာလည်း ဖြစ်ပါတယ်။

ဒဏ်ရာကို ပြန်သက်သာအောင်ကုသဖို့ နောက်သုံးရက်ခန့်အနားရယူရမယ်လို့ မက်ဒေါနားက သတင်းထုတ်ပြန် ထားပါတယ်။ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေ ရွှေ့ဆိုင်းလိုက်ရတာ စိတ်မကောင်းကြောင်း ၊ လက်မှတ်ဝယ်ယူ ထားတဲ့ ပရိသတ်တွေအနေနဲ့ လက်မှတ်ခ ဆုံးရှုံးမှာမဟုတ်ဘဲ ဖျော်ဖြေပွဲပြန်လုပ်ချိန်မှာ အားပေးခွင့်ရမှာ ဖြစ်ကြောင်း မက်ဒေါနားက ဆိုပါတယ်။