
0
43




ဒဏ်ရာကြောင့် သီတင်းပတ် ငါးပတ် နားရမယ့် မန်စီးတီး နောက်ခံလူ ဂျွန်စတုန်း

မန်စီးတီး နောက်ခံလူ ဂျွန်စတုန်းဟာ ကြွက်သားဒဏ်ရာ ပြဿနာကြောင့် အနည်းဆုံး သီတင်းပတ် ငါးပတ်ကြာ အနားယူရဖွယ်ရှိပါတယ်။

ဂျွန်စတုန်းဟာ ရှက်တာဒိုးနက်စ် အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် အကြိုလေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။

အဓိက နောက်ခံလူ လာပေါ်တေး ဒဏ်ရာရနေချိန်မှာ ဂျွန်စတုန်းလည်း ထပ်မံ ဒဏ်ရာရသွားတဲ့အတွက် မန်စီးတီးအသင်းဟာ နောက်တန်း အခက်ခဲတွေ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ အသင်းရဲ့ နောက်တန်း ကစားသမားတွေရဲ့ ဒဏ်ရာ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်အောင် ကြိုးပမ်းနေတယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။