ဒစ်ဂျစ်တယ်နည်းပညာနဲ့အလုပ်လျှောက်တဲ့အခါ အချက်အလက်တွေကို ချက်ချင်းသိနိုင်မယ်

0
24








ဒစ်ဂျစ်တယ်နည်းပညာနဲ့ အလုပ်လျှောက်ထားတဲအတွက် အလုပ်ရှင်နဲ့ အလုပ်သမားအကြား လိုအပ်တဲ့ အချက်အလက်ကို အချိန်နဲ့ တပြေးညီ သိရှိနိုင်မှာ ဖြစ်တယ်လို့ Job Net ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

နည်းပညာပိုင်းမှာတိုးတက်ပြောင်းလဲလာတာကြောင့် တစ်ကမ္ဘာလုံးရဲ့ပြောင်းလဲမှုနောက်ကို မြန်မာနိုင် ငံအနေနဲ့လိုက်ပါဖို့လိုပြီး ခေတ်နောက်ကျနေတဲ့ အလုပ်အကိုင်ရှာဖွေမှု လုပ်ငန်းစဉ်ကနေ ပြောင်းလဲ ခဲ့တာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်အလုပ်အကိုင် လျှောက်ထားမှုနည်းပညာနဲ့ Job Net က ၈ ကြိမ်မြောက်အလုပ် အကိုင်ပြပွဲ ရန်ကုန်မြို့ နိုဗိုတယ်ဟို တယ်မှာ စက်တင်ဘာ လ၂၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီပေါင်း ၆၀ ကျော်ကနေတိုက်ရိုက်အင်တာဗျူးလုပ်ခဲ့တာပါ။

Soundbite;ဒေါ်ဇင်မာ(Voice President of Sales) Job Net.Com.mm

ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာကြောင့် ကုမ္ပဏီတွေဘက် လုပ်ငန်း ချဲ့ထွင် နေတာ တွေရှိပြီး အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေလိုချင်တဲ့ အရည်အချင်းရှိဖို့ လူငယ်တွေ ဘက်ကလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုတယ်လို့ ပြပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

Soundbite;ဒေါ်ဇင်မာ(Voice President of Sales) Job Net.Com.mm

Job Net ကကြီးမှူးကျင်းပခဲ့တဲ့ အလုပ်အကိုင်ပြပွဲကြီးဟာ ၂၀၁၆ ကနေဒီကနေ့အထိ ကျင်းပလာတာ ၈ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ဒီပွဲမှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃ ထောင်ကျော်နဲ့ ကုမ္ပဏီပေါင်း ၆၀ ကျော်ပါဝင်ပြသခဲ့တာဖြစ်ပါတယ်ရှင်။