ထူးဆန္းတဲ့ ဖ်ားနာမႈေၾကာင့္ ေနာ္ေဝမွာ ေခြးအေျမာက္အျမား ေသဆံုး

0
36

ေနာ္ေဝႏိုင္ငံတစ္ဝန္းမွာ ထူးဆန္းတဲ့ ဖ်ားနာမႈေၾကာင့္ ေခြးအေျမာက္အျမား ေသဆံုးေနေၾကာင္း အာဏာပိုင္ေတြက ေခြးပိုင္ရွင္ေတြကို သတိေပးထားပါတယ္။

ေသဆံုးတဲ့ ေခြးတခ်ိဳ႕ကို ရင္ခြဲစစ္ေဆးေနၿပီး ဗိုင္းရပ္စ္ေၾကာင့္လား၊ ဘက္တီးရီးယားေၾကာင့္လား၊ မိႈေၾကာင့္လား၊ ကပ္ပါးပိုးေၾကာင့္လား ဆိုတာကို အေၾကာင္းရင္း ရွာေနေၾကာင္း ေနာ္ေဝ အစားအစာ လံုၿခံဳစိတ္ခ်ရေရး အာဏာပိုင္အဖြဲ႔က ေျပာပါတယ္။

ေသဆံုးတဲ့ ေခြးေတြအားလံုးမွာ အစာအိမ္ဆိုင္ရာ ေရာဂါလကၡဏာကို ေတြ႔ရွိရတယ္လို႔ ေနာ္ေဝ တိရစာၦန္ေဆးကုသေရး အင္စတီက်ဳက ေျပာပါတယ္။ ေခြးေတြဟာ ဝမ္းေလွ်ာၿပီးေနာက္ အေျခအေန ဆိုးဝါးတာ ျမန္ဆန္လာၿပီး ေသဆံုးခဲ့တာ ျဖစ္ပါတယ္။ ေခြးအခ်င္းခ်င္း မဆံုေတြ႔ေအာင္ ခြဲထားၾကဖို႔လည္း ေခြးပိုင္ရွင္တြကို သတိေပးထားပါတယ္။

ထူးဆန်းတဲ့ ဖျားနာမှုကြောင့် နော်ဝေမှာ ခွေးအမြောက်အမြား သေဆုံး


နော်ဝေနိုင်ငံတစ်ဝန်းမှာ ထူးဆန်းတဲ့ ဖျားနာမှုကြောင့် ခွေးအမြောက်အမြား သေဆုံးနေကြောင်း အာဏာပိုင်တွေက ခွေးပိုင်ရှင်တွေကို သတိပေးထားပါတယ်။


သေဆုံးတဲ့ ခွေးတချို့ကို ရင်ခွဲစစ်ဆေးနေပြီး ဗိုင်းရပ်စ်ကြောင့်လား၊ ဘက်တီးရီးယားကြောင့်လား၊ မှိုကြောင့်လား၊ ကပ်ပါးပိုးကြောင့်လား ဆိုတာကို အကြောင်းရင်း ရှာနေကြောင်း နော်ဝေ အစားအစာ လုံခြုံစိတ်ချရရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။


သေဆုံးတဲ့ ခွေးတွေအားလုံးမှာ အစာအိမ်ဆိုင်ရာ ရောဂါလက္ခဏာကို တွေ့ရှိရတယ်လို့ နော်ဝေ တိရစ္ဆာန်ဆေးကုသရေး အင်စတီကျုက ပြောပါတယ်။ ခွေးတွေဟာ ဝမ်းလျှောပြီးနောက် အခြေအနေ ဆိုးဝါးတာ မြန်ဆန်လာပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ခွေးအချင်းချင်း မဆုံတွေ့အောင် ခွဲထားကြဖို့လည်း ခွေးပိုင်ရှင်တွကို သတိပေးထားပါတယ်။