
0
267




ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပမယ်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့၊ ဘန်းခဲမြို့နယ်ရှိ ဝပ်တလောင့် ဘုန်းကြီးကျောင်းမှာ မွေးနေ့အထိမ်းမှတ်အဖြစ် မနက်ပိုင်းမှာ သံဃာတော်တွေကို ဆွမ်းကပ်ပြီး အလှူပြုလုပ်သွားမှာ ဖြစ်သလို ညနေပိုင်းမှာလည်း မွေးနေ့ကိတ် လှီးပြီး ကျင်းပမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းမှတ်ပွဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံတွေ ဘယ်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ကြားထားတယ်လို့ အလုပ်သမားဟစ်တိုင် သတင်းမှာ ဖော်ပြထားပါတယ်။