ထုိင္းနုိင္ငံရွိ ေရႊ႕ေျပာင္းအလုပ္သမားေက်ာင္းက ဆရာ၊ ဆရာမ ၃၂ ဦးဖမ္းဆီး ထိန္းသိမ္းခံရ

0
64

ထုိင္းႏုိင္ငံ ရေနာင္းခ႐ိုင္ရွိ ျမန္မာစာသင္ေက်ာင္း ၁၂ ေက်ာင္းကုိ ထုိင္းအာဏာပုိင္ေတြက ၀င္ေရာက္ကာ  ေရႊ႕ေျပာင္းစာသင္ေက်ာင္းက ဆရာ၊ ဆရာမ ၃၂ ဦးကုိ ဖမ္းဆီးထိန္းသိမ္းခဲ့တဲ့အျပင္ စာသင္ေက်ာင္းကုိ ပိတ္သိမ္းခဲ့တာ ျဖစ္ေၾကာင္း  Saw သတင္းမွာ ေဖာ္ျပထားပါတယ္။

အဲဒီ ေက်ာင္းဟာ တရား၀င္မွတ္ပံုတင္ထားျခင္း မရွိသလုိ ထုိင္းႏုိင္ငံရဲ႕ ပညာေရး၀န္ႀကီးဌာန လက္ေအာက္ခံ Migrant Learning center အျဖစ္ အသိမွတ္ျပဳခံထားရတဲ့ေက်ာင္း မဟုတ္တာေၾကာင့္ ၀င္ေရာက္ဖမ္းဆီး ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ဆရာ၊ဆရာမ ၃၂ ဦးကုိ  ရေနာင္းအလုပ္သမားႏွင့္ အလုပ္အကို္င္ရွာေဖြေရးဌာနက အမႈဖြင့္ အေရးယူထားတာျဖစ္ေၾကာင္း ေရႊ႕ေျပာင္းလုပ္သားတစ္ဦးက ေျပာပါတယ္။

ရေနာင္းဌာနီေက်ာင္းမွာ ေက်ာင္းသား ၁၅၀၀ ခန္႔ တက္ေရာက္ပညာသင္ၾကား ေနတာျဖစ္ၿပီး ေက်ာင္းဖြင့္ထားတာဟာ ၁၅ ႏွစ္နီးပါးမွ် ရွိၿပီလည္း ျဖစ္ပါတယ္။ အဲဒီေက်ာင္းကုိ ျမန္မာဘုန္းေတာ္ႀကီးျဖစ္တဲ့ ျမင္းၿခံဆရာေတာ္ႀကီးက တာ၀န္ယူဖြင့္လွစ္ခဲ့ၿပီး ရေနာင္းက ထုိင္းဘုန္းႀကီးေက်ာင္း ၃ ေက်ာင္းက ဆရာေတာ္ ႀကီးေတြ က ဝုိင္း၀န္းကူညီၿပီး ဖြင့္လွစ္ေပးထားလည္း ျဖစ္ပါတယ္။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားကျောင်းက ဆရာ၊ ဆရာမ ၃၂ ဦးဖမ်းဆီး ထိန်းသိမ်းခံရ


ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ မြန်မာစာသင်ကျောင်း ၁၂ ကျောင်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ကာ ရွှေ့ပြောင်းစာသင်ကျောင်းက ဆရာ၊ ဆရာမ ၃၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အပြင် စာသင်ကျောင်းကို ပိတ်သိမ်းခဲ့တာ ဖြစ်ကြောင်း Saw သတင်းမှာ ဖော်ပြထားပါတယ်။


အဲဒီ ကျောင်းဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသလို ထိုင်းနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်ခံ Migrant Learning center အဖြစ် အသိမှတ်ပြုခံထားရတဲ့ကျောင်း မဟုတ်တာကြောင့် ဝင်ရောက်ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဆရာ၊ဆရာမ ၃၂ ဦးကို ရနောင်းအလုပ်သမားနှင့် အလုပ်အကိ်ုင်ရှာဖွေရေးဌာနက အမှုဖွင့် အရေးယူထားတာဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။


ရနောင်းဌာနီကျောင်းမှာ ကျောင်းသား ၁၅၀ဝ ခန့် တက်ရောက်ပညာသင်ကြား နေတာဖြစ်ပြီး ကျောင်းဖွင့်ထားတာဟာ ၁၅ နှစ်နီးပါးမျှ ရှိပြီလည်း ဖြစ်ပါတယ်။ အဲဒီကျောင်းကို မြန်မာဘုန်းတော်ကြီးဖြစ်တဲ့ မြင်းခြံဆရာတော်ကြီးက တာဝန်ယူဖွင့်လှစ်ခဲ့ပြီး ရနောင်းက ထိုင်းဘုန်းကြီးကျောင်း ၃ ကျောင်းက ဆရာတော် ကြီးတွေ က ဝိုင်းဝန်းကူညီပြီး ဖွင့်လှစ်ပေးထားလည်း ဖြစ်ပါတယ်။