ထိုင္း-ျမန္မာ နယ္စပ္မွာ ဟိုက္ဒ႐ိုကလိုရစ္ အက္စစ္ လီတာ ၈ ေထာင္ေက်ာ္ ဖမ္းမိ

0
46

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕၊ ျမန္မာ-ထိုင္း အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွာ စက္တင္ဘာလ ၉ ရက္ေန႔က ကန္႔သတ္ကုန္ပစၥည္း ျဖစ္တဲ့ ဟိုက္ဒ႐ိုကလိုရစ္ အက္စစ္ လီတာ ၈ ေထာင္ေက်ာ္ကို ဖမ္းမိခဲ့ပါတယ္။

မယ္ဆိုင္ကေန တာခ်ီလိတ္သို႔ အိုက္စံ ေမာင္းႏွင္လာတဲ့ သုံးဘီးဆိုင္ကယ္ကို တားဆီး စစ္ေဆးရာ ၂၀ လီတာဆံ့ ဂါလန္ပုံးနဲ႔ ထည့္ထားတဲ့ ဟိုက္ဒ႐ိုကလိုရစ္ အက္စစ္ပုံး ၆၅ ပုံး (လီတာ ၁၃၀၀) ကို ဖမ္းဆီးရမိခဲ့ပါတယ္။ ေနာက္ထပ္ မယ္ဆိုင္ကေန မ်ိဳးမင္းသူ ေမာင္းလာတဲ့ သံုးဘီးဆိုင္ကယ္ကေန ဟိုက္ဒ႐ိုကလိုရစ္ အက္စစ္ လီတာ ၁၀၀၀ ကို ထပ္မံဖမ္းဆီးရမိခဲ့ပါတယ္။

အက္စစ္ေတြ သယ္ေဆာင္ခိုင္းတဲ့ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း (ခ) ရပ္ကြက္ေန စိုင္းလွေမာင္ရဲ႕ အိမ္ကို သြားေရာက္စစ္ေဆးရာမွာ ရပ္ထားတဲ့ အိုက္လူ ေမာင္းႏွင္တဲ့ယာဥ္ေပၚက ဟိုက္ဒ႐ိုကလိုရစ္ အက္စစ္ပုံး ၅၀၊ စိုင္းလွေမာင္ ေမာင္းႏွင္တဲ့ယာဥ္ေပၚက အက္စစ္ ပုံး ၅၀၊ နန္းဝင္း ေမာင္းႏွင္တဲ့ သုံးဘီးဆိုင္ကယ္ေပၚက အက္စစ္ပုံး ၈၅ ပုံးနဲ႔ မင္းမင္း ေမာင္းႏွင္တဲ့ သုံးဘီး ဆိုင္ကယ္ေပၚက အက္စစ္ပုံး ၁၄ ပုံးတို႔ကို ထပ္မံ ဖမ္းဆီးရမိခဲ့ပါတယ္။။

ဖမ္းဆီးရမိတဲ့ ဟိုက္ဒ႐ိုကလိုရစ္ အက္စစ္ လီတာ ၈၂၈၀ ဟာ ကာလတန္ဖိုးေငြ က်ပ္ ၆၆၂ ဒသမ ၄ သိန္းက်ပ္ ျဖစ္ပါတယ္။ ဖမ္းဆီးရမိသူေတြကို တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းက အမႈဖြင့္ထားၿပီး လြတ္ေျမာက္ေနတဲ့ မင္းမင္းကို ဖမ္းမိေရး ေဆာင္ရြက္ေနပါတယ္။

ထိုင်း-မြန်မာ နယ်စပ်မှာ ဟိုက်ဒရိုကလိုရစ် အက်စစ် လီတာ ၈ ထောင်ကျော် ဖမ်းမိ


ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှာ စက်တင်ဘာလ ၉ ရက်နေ့က ကန့်သတ်ကုန်ပစ္စည်း ဖြစ်တဲ့ ဟိုက်ဒရိုကလိုရစ် အက်စစ် လီတာ ၈ ထောင်ကျော်ကို ဖမ်းမိခဲ့ပါတယ်။


မယ်ဆိုင်ကနေ တာချီလိတ်သို့ အိုက်စံ မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်ကို တားဆီး စစ်ဆေးရာ ၂၀ လီတာဆံ့ ဂါလန်ပုံးနဲ့ ထည့်ထားတဲ့ ဟိုက်ဒရိုကလိုရစ် အက်စစ်ပုံး ၆၅ ပုံး (လီတာ ၁၃၀ဝ) ကို ဖမ်းဆီးရမိခဲ့ပါတယ်။ နောက်ထပ် မယ်ဆိုင်ကနေ မျိုးမင်းသူ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကနေ ဟိုက်ဒရိုကလိုရစ် အက်စစ် လီတာ ၁၀ဝ၀ ကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။


အက်စစ်တွေ သယ်ဆောင်ခိုင်းတဲ့ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်နေ စိုင်းလှမောင်ရဲ့ အိမ်ကို သွားရောက်စစ်ဆေးရာမှာ ရပ်ထားတဲ့ အိုက်လူ မောင်းနှင်တဲ့ယာဉ်ပေါ်က ဟိုက်ဒရိုကလိုရစ် အက်စစ်ပုံး ၅၀၊ စိုင်းလှမောင် မောင်းနှင်တဲ့ယာဉ်ပေါ်က အက်စစ် ပုံး ၅၀၊ နန်းဝင်း မောင်းနှင်တဲ့ သုံးဘီးဆိုင်ကယ်ပေါ်က အက်စစ်ပုံး ၈၅ ပုံးနဲ့ မင်းမင်း မောင်းနှင်တဲ့ သုံးဘီး ဆိုင်ကယ်ပေါ်က အက်စစ်ပုံး ၁၄ ပုံးတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။


ဖမ်းဆီးရမိတဲ့ ဟိုက်ဒရိုကလိုရစ် အက်စစ် လီတာ ၈၂၈၀ ဟာ ကာလတန်ဖိုးငွေ ကျပ် ၆၆၂ ဒသမ ၄ သိန်းကျပ် ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေကို တာချီလိတ် မြို့မရဲစခန်းက အမှုဖွင့်ထားပြီး လွတ်မြောက်နေတဲ့ မင်းမင်းကို ဖမ်းမိရေး ဆောင်ရွက်နေပါတယ်။