ထိုင္းႏိုင္ငံမွာ ဝင္း နဲ႔ ေဇာ္ လြတ္ေျမာက္ေရး လႈပ္ရွားမႈ ျပဳလုပ္

0
54

ထိုင္းႏိုင္ငံ၊ ခိုေတာင္ကြ်န္း ေခၚ လိပ္ကြ်န္းမွာ ၿဗိတိန္ႏို္င္ငံသား ႏွစ္ဦး အသတ္ခံရမႈမွာ ေသဒဏ္ခ်မွတ္ခံရတဲ့ ျမန္မာလုပ္သား ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္း တို႔ႏွစ္ဦး လြတ္ေျမာက္ေရး ေတာင္းဆိုလႈပ္ရွားမႈကို ထိုင္းႏိုင္ငံမွာ ျပဳလုပ္ခဲ့ပါတယ္။

ဒီကေန႔ စက္တင္ဘာလ ၁၁ ရက္ေန႔ ထိုင္းႏိုင္ငံမွာ ျပဳလုပ္ေနတဲ့  အာဆီယံ အရပ္ဖက္အဖြဲ႔အစည္းမ်ား ညီလာခံ၊ အာဆီယံ လူထုဖိုရမ္ (ACSC/AFP) ၂၀၁၉ ဒုတိယေျမာက္ေန႔ ထည့္သြင္းျပဳလုပ္ခဲ့တာပါ။

ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္း လြတ္ေျမာက္ေရး ေတာင္းဆိုေဟာေျပာမႈကို ညီမွ်ျခင္း ျမန္မာအဖြဲ႔က ဦးေအာင္မ်ိဳးမင္းက ျပဳလုပ္ခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ဦး လြတ္ေျမာက္ဖို႔အတြက္ ဖိုရမ္ တက္ေရာက္လာသူေတြကို လက္မွတ္ထိုး ေကာက္ခံမႈ ျပဳလုပ္ခဲ့ပါတယ္။

ထိုင်းနိုင်ငံမှာ ဝင်း နဲ့ ဇော် လွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်


ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိ်ုင်ငံသား နှစ်ဦး အသတ်ခံရမှုမှာ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာလုပ်သား ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့နှစ်ဦး လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုကို ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။


ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ထိုင်းနိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံ အရပ်ဖက်အဖွဲ့အစည်းများ ညီလာခံ၊ အာဆီယံ လူထုဖိုရမ် (ACSC/AFP) ၂၀၁၉ ဒုတိယမြောက်နေ့ ထည့်သွင်းပြုလုပ်ခဲ့တာပါ။


ဝင်းဇော်ထွန်းနဲ့ ဇော်လင်း လွတ်မြောက်ရေး တောင်းဆိုဟောပြောမှုကို ညီမျှခြင်း မြန်မာအဖွဲ့က ဦးအောင်မျိုးမင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦး လွတ်မြောက်ဖို့အတွက် ဖိုရမ် တက်ရောက်လာသူတွေကို လက်မှတ်ထိုး ကောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။