
0
110




ထိုင်းနိုင်ငံဆရာတော်အဖွဲ့ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို လာရောက်လေ့လာ


ထိုင်းနိုင်ငံ မဟာချုလာလောင်ကွန်ရာဇဝိဒယလျ တက္ကသိုလ်က ပါမောက္ခချုပ် ဆရာတော် Dr. Phra Rajapariyatkavi ဦးဆောင်တဲ့ သံဃာတော်တွေနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပုဂံဌာနခွဲက တာဝန်ရှိသူတွေနဲ့ အတူ ဒီကနေ့ ဇူလိုင်လ(၁၂)ရက်နေ့မှာ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို လာရောက်လေ့လာခဲ့ပါတယ်။


ပုဂံပြတိုက်အစည်းအဝေးခန်းမမှာ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းက ပုဂံ သမိုင်းကြောင်းအကျဉ်း၊ ပုဂံဒေသ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရရှိမယ့် အခြေအနေတွေ ပြတိုက်ပစ္စည်းတွေ စုဆောင်းရရှိပုံနဲ့ ခင်းကျင်းပြသမှု အခြေအနေတွေ ပြတိုက်ရှေးဟောင်းပစ္စည်းတွေ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အခြေအနေေ တွအကြောင်းကို ရှင်းပြပြောကြားပေးခဲ့တာ ဖြစ်ပါတယ်။


ဒါအ့ပြင် ပြတိုက်တာဝန်ရှိသူတွေက ပြခန်းအတွင်း ခင်းကျင်းပြသထားတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေလည်း ရှင်းလင်းပြသခဲ့ပါတယ်။