ထိုင္းအသက္ အာမခံကုမၸဏီ ျမန္မာႏိုင္ငံမွာ စဖြင့္မယ္

0
38

ထိုင္းႏိုင္ငံက Thai Life Insurance ဟာ Citizen Business (CB) အာမခံကုမၸဏီမွာ ၃၅ ရာခိုင္ႏႈန္း ပါဝင္မွာျဖစ္ၿပီး ျမန္မာ့ အာမခံလုပ္ငန္းနယ္ပယ္မွာ အာဆီယံႏိုင္ငံထဲက ပထမဆံုး ဝင္ေရာက္တဲ့ ကုမၸဏီ ျဖစ္လာမွာပါ။

CB အာမခံကုမၸဏီနဲ႔ ပူးေပါင္းမႈကေန စီမံခန္႔ခြဲမႈ အေတြ႔အႀကံဳ၊ ထိုင္းႏိုင္ငံမွာ ေအာင္ျမင္ၿပီးျဖစ္ေၾကာင္း သက္ေသရွိေနတဲ့ ဖြံၿဖိဳးမႈေတြကို ေပးႏိုင္မယ္လို႔ Thai Life Insurance ကုမၸဏီရဲ႕ ဥကၠ႒ ခ်ိဳင္ ခ်ိဳင္ယာဝမ္က ေျပာပါတယ္။

ျမန္မာ အာမခံလုပ္ငန္း ေစ်းကြက္မွာ ပူးေပါင္းဝင္ေရာက္တာဟာ ကုမၸဏီအေနနနဲ႔ အာဆီယံႏိုင္ငံေတြမွာ လုပ္ငန္းခ်ဲ႕ထြင္မႈ မဟာဗ်ဴဟာ ျဖစ္ေၾကာင္း၊ ျမန္မာ ေဖာက္သည္ေတြ လိုအပ္တာ ဝန္ေဆာင္မႈ ေပးႏိုင္မယ့္ ေနာက္ဆံုးေပၚ နည္းပညာ ဆိုင္ရာေတြကိုလည္း လႊဲေျပာင္းေပးမွာ ျဖစ္ေၾကာင္း မစၥတာ ခ်ိဳင္းက ေျပာပါတယ္။ Thai Life Insurance ရဲ႕ ထုတ္ျပန္ခ်က္မွာ သူတို႔ ရင္းႏွီးျမွဳပ္ႏွံမယ့္ ပမာဏကိုေတာ့ ေဖာ္ျပျခင္း မရွိပါဘူး။  

ထိုင်းအသက် အာမခံကုမ္ပဏီ မြန်မာနိုင်ငံမှာ စဖွင့်မယ်


ထိုင်းနိုင်ငံက Thai Life Insurance ဟာ Citizen Business (CB) အာမခံကုမ္ပဏီမှာ ၃၅ ရာခိုင်နှုန်း ပါဝင်မှာဖြစ်ပြီး မြန်မာ့ အာမခံလုပ်ငန်းနယ်ပယ်မှာ အာဆီယံနိုင်ငံထဲက ပထမဆုံး ဝင်ရောက်တဲ့ ကုမ္ပဏီ ဖြစ်လာမှာပါ။


CB အာမခံကုမ္ပဏီနဲ့ ပူးပေါင်းမှုကနေ စီမံခန့်ခွဲမှု အတွေ့အကြုံ၊ ထိုင်းနိုင်ငံမှာ အောင်မြင်ပြီးဖြစ်ကြောင်း သက်သေရှိနေတဲ့ ဖွံဖြိုးမှုတွေကို ပေးနိုင်မယ်လို့ Thai Life Insurance ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ချိုင် ချိုင်ယာဝမ်က ပြောပါတယ်။


မြန်မာ အာမခံလုပ်ငန်း ဈေးကွက်မှာ ပူးပေါင်းဝင်ရောက်တာဟာ ကုမ္ပဏီအနေနနဲ့ အာဆီယံနိုင်ငံတွေမှာ လုပ်ငန်းချဲ့ထွင်မှု မဟာဗျူဟာ ဖြစ်ကြောင်း၊ မြန်မာ ဖောက်သည်တွေ လိုအပ်တာ ဝန်ဆောင်မှု ပေးနိုင်မယ့် နောက်ဆုံးပေါ် နည်းပညာ ဆိုင်ရာတွေကိုလည်း လွှဲပြောင်းပေးမှာ ဖြစ်ကြောင်း မစ္စတာ ချိုင်းက ပြောပါတယ်။ Thai Life Insurance ရဲ့ ထုတ်ပြန်ချက်မှာ သူတို့ ရင်းနှီးမြှုပ်နှံမယ့် ပမာဏကိုတော့ ဖော်ပြခြင်း မရှိပါဘူး။