
0
608





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းရှိ ဒုက္ခသည်စခန်းကနေ မြန်မာနိုင်ငံသား ၇၃ ဦး နေရပ်ပြန်

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းကနေ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသား ၇၃ ဦးကို နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ပြီး မနေ့က မေလ ၇ ရက်မှာ မြဝတီမြို့၊ ကျောက်လုံးကြီး ပြန်လည် ကြိုဆိုလက်ခံရေးစခန်းမှာ လက်ခံခဲ့ပါတယ်။

အမျိုးသား၊ အမျိုးသမီး ၇၃ ဦးတို့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုကြပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေချထားရေး ဝန်ကြီးဌာနက တစ်ဦးကို ကျပ် ၁ သိန်းနှုန်း၊ မိသားစုဝင် ၃ ဦးနဲ့ သုံးဦးထက်ပိုရင် ကျပ် ၃ သိန်း၊ အသုံးအဆောင်ပစ္စည်း ၂၂ မျိုးပါသော ဘူးတစ်ဘူး၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း အဖွဲ့ချုပ်က တစ်ဦးလျှင် ငွေကျပ် ၁ သိန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနက တစ်ဦးလျှင် ကျပ် ၁၇၀ဝ၀ စီ ကူညီထောက်ပံ့ပါတယ်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းကနေ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသား ပထမအသုတ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ လက်ခံခဲ့ပြီး အမျိုးသား ၃၀ နဲ့ အမျိုးသမီး ၃၅ ဦး ဖြစ်ပါတယ်။