ထိုင္းမွာ မ်ဥ္းၾကားက ကူးစဥ္ ကားတိုက္မိလို႔ ျမန္မာတစ္ဦး ေသ

0
102

ထိုင္းႏိုင္ငံ၊ ဆမြတ္ ပရာခန္၊ ဘတ္ပလီၿမိဳ႕နယ္မွာ မေန႔ စက္တင္ဘာလ ၁၉ ရက္ေန႔ညက ျမန္မာႏိုင္ငံသားတစ္ဦး မ်ဥ္းၾကားကေန လမ္းျဖတ္ကူးစဥ္ ဘတ္စ္ကားနဲ႔ တိုက္မိလို႔ ေသဆံုးသြားပါတယ္။

မေန႔ည ၉ နာရီက ကင္း ကဲအို ကလြန္ကတ္ လမ္းမႀကီးေပၚမွာ ျဖစ္ပြားခဲ့တာ ျဖစ္ေၾကာင္း၊ ေသဆံုးသြားသူက ၿဖိဳးေဝေအာင္ (၂၆ ႏွစ္) ျဖစ္ၿပီး ကားနဲ႔ တိုက္မိၿပီးေနာက္ ၿဖိဳးေဝေအာင္ဟာ ကားနဲ႔ တရြတ္တိုက္ ပါသြားခဲ့ေၾကာင္း ထိုင္းရဲက ေျပာပါတယ္။

ဘတ္စ္ကား ယာဥ္ေမာင္းကေတာ့ ဆူပို ပရြန္နီးလ္ (၆၂ ႏွစ္) ျဖစ္ၿပီး ယာဥ္မဆင္မျခင္ ေမာင္းႏွင္လို႔ လူေသဆံုးေစမႈနဲ႔ အမႈဖြင့္ခံထားရပါတယ္။ လူတစ္ေယာက္ လမ္းျဖတ္ကူးေနတာကို ျမင္လို႔ သူျဖတ္ကူးၿပီးႏိုင္ေလာက္တဲ့ အထိ ကားကို အရွိန္ ေလွ်ာ့ခဲ့ေၾကာင္း၊ ဒါေပမယ့္ လမ္းျဖတ္ကူးသူက ေၾကာင္ၿပီး ရပ္ေနလို႔ တိုက္မိခဲ့ေၾကာင္း ယာဥ္ေမာင္း ဆူပိုက ထြက္ဆိုပါတယ္။

ထိုင်းမှာ မျဉ်းကြားက ကူးစဉ် ကားတိုက်မိလို့ မြန်မာတစ်ဦး သေ


ထိုင်းနိုင်ငံ၊ ဆမွတ် ပရာခန်၊ ဘတ်ပလီမြို့နယ်မှာ မနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက မြန်မာနိုင်ငံသားတစ်ဦး မျဉ်းကြားကနေ လမ်းဖြတ်ကူးစဉ် ဘတ်စ်ကားနဲ့ တိုက်မိလို့ သေဆုံးသွားပါတယ်။


မနေ့ည ၉ နာရီက ကင်း ကဲအို ကလွန်ကတ် လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း၊ သေဆုံးသွားသူက ဖြိုးဝေအောင် (၂၆ နှစ်) ဖြစ်ပြီး ကားနဲ့ တိုက်မိပြီးနောက် ဖြိုးဝေအောင်ဟာ ကားနဲ့ တရွတ်တိုက် ပါသွားခဲ့ကြောင်း ထိုင်းရဲက ပြောပါတယ်။


ဘတ်စ်ကား ယာဉ်မောင်းကတော့ ဆူပို ပရွန်နီးလ် (၆၂ နှစ်) ဖြစ်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်လို့ လူသေဆုံးစေမှုနဲ့ အမှုဖွင့်ခံထားရပါတယ်။ လူတစ်ယောက် လမ်းဖြတ်ကူးနေတာကို မြင်လို့ သူဖြတ်ကူးပြီးနိုင်လောက်တဲ့ အထိ ကားကို အရှိန် လျှော့ခဲ့ကြောင်း၊ ဒါပေမယ့် လမ်းဖြတ်ကူးသူက ကြောင်ပြီး ရပ်နေလို့ တိုက်မိခဲ့ကြောင်း ယာဉ်မောင်း ဆူပိုက ထွက်ဆိုပါတယ်။