ထိုင္းမွာတရားစြဲၿပီးေနာက္ ျမန္မာအလုပ္သမား ၆၀ ရဲ႕ လုပ္ခလစာေတြ ျပန္ရရွိ

0
64

ထိုင္းႏိုင္ငံ၊ ဖစ္ပူရီၿမိဳ႕နဲ႔ ဒင္ဒန္းၿမိဳ႕မွာ ထိုင္းအလုပ္ရွင္ ႏွစ္ဦးက ျမန္မာအလုပ္သမား ၆၀ ဦးရဲ႕ လုပ္ခလစာေတြကို မေပးဘဲ တိမ္းေရွာင္ေနတဲ႔အတြက္ ျမန္မာျပည္ပ အလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္ (MOEAF) (Thai) နဲ႔ အလုပ္သမား သံအရာရွိတို႔က ထိုင္းအလုပ္သမားဝန္ႀကီးဌာန၊ ထိုင္းအလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရး႐ံုး (ဆဝါတီကန္႐ံုး) ေတြမွာ တရားစြဲကာ ျမန္မာအလုပ္သမားေတြရဲ႕ လုပ္ခလစာေတြကို ရရွိေအာင္ ကူညီေဆာင္ရြက္ေပးခဲ့ပါတယ္။

အဲဒီလို ကူညီေဆာင္ရြက္ေပးမႈေၾကာင့္ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၉ ရက္ေန႔က အလုပ္သမား ၄၇ ဦးရဲ႕ လုပ္ခလစာနဲ႔ ၾသဂုတ္လ ၉ ရက္ေန႔က က်န္အလုပ္သမား ၁၃ ဦးရဲ႕ လုပ္ခလစာေတြကို ဆဝါတီကန္႐ံုးေတြမွာ ထုတ္ယူရရွိခဲ့တယ္လို႔ MOEAF က သတင္းထုတ္ျပန္ထားပါတယ္။ ထိုင္းႏိုင္ငံရွိ ျမန္မာအလုပ္သမား ၄၇ ဦး အတြက္ရရိွလာတဲ့ လုပ္ခလစာေတြက တစ္ဦးကို အနည္းဆံုးဘတ္ ၆၅၀၀ ကေနအမ်ားဆံုး ဘတ္ ၁၂၀၀၀ ေက်ာ္အထိ ရွိပါတယ္။

ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာတဲ့ အလုပ္သမား ၁၃ ဦးအတြက္ တစ္ဦးကို အနည္းဆံုး ဘတ္ ၁၀၀၀ ကေန အမ်ားဆံုး ဘတ္ ၁၁၀၀၀ ေက်ာ္အထိ ရရိွခဲ့တာေၾကာင့္ ၾသဂုတ္လ ၁၄ ရက္ေန႔က MOEAF ႐ံုးခန္းမမွာ အလုပ္သမားေတြကို ျပန္လည္ ေပးအပ္ခဲ့ပါတယ္။

ထိုင်းမှာတရားစွဲပြီးနောက် မြန်မာအလုပ်သမား ၆၀ ရဲ့ လုပ်ခလစာတွေ ပြန်ရရှိ


ထိုင်းနိုင်ငံ၊ ဖစ်ပူရီမြို့နဲ့ ဒင်ဒန်းမြို့မှာ ထိုင်းအလုပ်ရှင် နှစ်ဦးက မြန်မာအလုပ်သမား ၆၀ ဦးရဲ့ လုပ်ခလစာတွေကို မပေးဘဲ တိမ်းရှောင်နေတဲ့အတွက် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) (Thai) နဲ့ အလုပ်သမား သံအရာရှိတို့က ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါတီကန်ရုံး) တွေမှာ တရားစွဲကာ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။


အဲဒီလို ကူညီဆောင်ရွက်ပေးမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က အလုပ်သမား ၄၇ ဦးရဲ့ လုပ်ခလစာနဲ့ သြဂုတ်လ ၉ ရက်နေ့က ကျန်အလုပ်သမား ၁၃ ဦးရဲ့ လုပ်ခလစာတွေကို ဆဝါတီကန်ရုံးတွေမှာ ထုတ်ယူရရှိခဲ့တယ်လို့ MOEAF က သတင်းထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ၄၇ ဦး အတွက်ရရှိလာတဲ့ လုပ်ခလစာတွေက တစ်ဦးကို အနည်းဆုံးဘတ် ၆၅၀ဝ ကနေအများဆုံး ဘတ် ၁၂၀ဝ၀ ကျော်အထိ ရှိပါတယ်။


မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ အလုပ်သမား ၁၃ ဦးအတွက် တစ်ဦးကို အနည်းဆုံး ဘတ် ၁၀ဝ၀ ကနေ အများဆုံး ဘတ် ၁၁၀ဝ၀ ကျော်အထိ ရရှိခဲ့တာကြောင့် သြဂုတ်လ ၁၄ ရက်နေ့က MOEAF ရုံးခန်းမမှာ အလုပ်သမားတွေကို ပြန်လည် ပေးအပ်ခဲ့ပါတယ်။