ထိုင္းမရိန္းေတြ အပိုင္းေတာတြင္းအသက္ရွင္ဖို႔ ေလက်င့္ခန္းသင္ၾကားေပး (႐ုပ္/သံ)

0
924

ထိုင္းမရိန္းတပ္ဖြဲ႕၀င္ေတြက အပူပိုင္းေတာတြင္းေတြမွာ အသက္ရွင္သန္ႏိုင္ဖို႔ ေရႊေျမြေဟာက္စစ္ေရးေလက်င့္ခန္းကို အေမရိကန္နဲ႔ ေတာင္ကိုရီယား မရိန္းစစ္သားေတြကို ေလ့က်င့္သင္ၾကားမႈေတြ လုပ္ခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က သတင္းေပးပို႔ထားပါတယ္။

ထိုင္း မရိန္းတပ္ဖြဲ႔ဝင္ေတြ ဟာ ေရႊေျမြေဟာက္စစ္ေရးေလက်င့္ခန္း အစိတ္ပိုင္းအျဖစ္ အဲဒီေလက်င့္ခန္းမွာ အပူးေဒသေတာနက္အတြင္း ေရနဲ႔ အစားစာရဖုိ႔ ခက္ခဲခ်ိန္မွာ ေျမြေတြရဲ႕ေသြးေတြကို ေသာက္သံုးတာအျပင္ ကတိုးေကာင္၊ ေမ်ာက္၊ ပင့္ကူေတြနဲ႔ ကင္ျမီးေကာက္ အေကာင္ေတြကို အစိမ္းစားသာက္မႈေတြအတြက္ သင့္ၾကားေလက်င့္တာျဖစ္ပါတယ္။

ထုိင္းမရိန္းတပ္ဖြဲ႔ တာဝန္ရွိသူတစ္ဦးက အေရးေပၚအေျခေနမွာ စစ္သားေတြ အသက္ရွင္သန္ေရးအတြက္ ရည္ရြယ္လုပ္ေဆာင္တာျဖစ္တယ္လို႔ေျပာပါတယ္။ ဒါ့အျပင္ တိုက္ပြဲေတြ အတြင္း ေရကိုရွာေဖြဖုိ႔ အဓိကအေရးႀကီးၿပီး ျမစ္ေတြ အပင္ေတြကေန ေရမရဘူးဆုိရင္ က်င့္ငယ္ေရကို ေသာက္သံုးရၿပီး က်င့္ငယ္ေရမရဘူးဆုိရင္ အသက္ရွင္သန္ေရးအတြက္ တိရိစာၦန္ရဲ႕ေသြးကို အသံုးခ်ရတာေတြပံုေတြကို ေလက်င့္သင့္ၾကားခဲ့တယ္လို႔ေျပာပါတယ္။

ထုိင္းႏုိင္ငံမွာျပဳလုပ္တဲ့ စစ္ေရးေလက်င့္မႈအတြင္း အေမရိကန္ႏုိင္ငံက တပ္ဖြဲ႔ဝင္အမ်ားဆံုး ပါဝင္ခဲ့ၿပီး အေမရိကန္တပ္ဖြဲ႔ဝင္ ၆၈၀၀ ပါဝင္ေလက်င့္ေနပါတယ္။ အခုစစ္ေရးေလက်င့္မႈကို ထုိင္း၊ ဂ်ပန္၊ မေလးရွား၊ အင္ဒိုနီးရွားနဲ႔ ေတာင္ကိုရီးယားႏုိင္ငံအပါဝင္ ႏုိင္ငံေပါင္း ၂၉ ႏိုင္ငံက တပ္ဖြဲ႔ဝင္ ၁၁၀၇၅ ဦးေလက်င့္ေနတာျဖစ္ပါတယ္။
ေလက်င့္မႈအတြင္း စစ္ေရယာဥ္ ၆ စင္း၊ တုိက္ေလယာဥ္ ၈၆ စင္းနဲ႔ ကုန္းနဲ႔ေရကို သြားလာႏိုင္တဲ့ တုိက္ခုိက္ေရးသံုး ယာဥ္ ၃၄ စင္းကို အသံုးျပဳေလက်င့္ေနတယ္လုိ႔ ႏိုင္ငံတကာမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းမရိန်းတပ်ဖွဲ့ဝင်တွေက အပူပိုင်းတောတွင်းတွေမှာ အသက်ရှင်သန်နိုင်ဖို့ ရွှေမြွေဟောက်စစ်ရေးလေကျင့်ခန်းကို အမေရိကန်နဲ့ တောင်ကိုရီယား မရိန်းစစ်သားတွေကို လေ့ကျင့်သင်ကြားမှုတွေ လုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က သတင်းပေးပို့ထားပါတယ်။

ထိုင်း မရိန်းတပ်ဖွဲ့ဝင်တွေ ဟာ ရွှေမြွေဟောက်စစ်ရေးလေကျင့်ခန်း အစိတ်ပိုင်းအဖြစ် အဲဒီလေကျင့်ခန်းမှာ အပူးဒေသတောနက်အတွင်း ရေနဲ့ အစားစာရဖို့ ခက်ခဲချိန်မှာ မြွေတွေရဲ့သွေးတွေကို သောက်သုံးတာအပြင် ကတိုးကောင်၊ မျောက်၊ ပင့်ကူတွေနဲ့ ကင်မြီးကောက် အကောင်တွေကို အစိမ်းစားသာက်မှုတွေအတွက် သင့်ကြားလေကျင့်တာဖြစ်ပါတယ်။

ထိုင်းမရိန်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အရေးပေါ်အခြေနေမှာ စစ်သားတွေ အသက်ရှင်သန်ရေးအတွက် ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ အတွင်း ရေကိုရှာဖွေဖို့ အဓိကအရေးကြီးပြီး မြစ်တွေ အပင်တွေကနေ ရေမရဘူးဆိုရင် ကျင့်ငယ်ရေကို သောက်သုံးရပြီး ကျင့်ငယ်ရေမရဘူးဆိုရင် အသက်ရှင်သန်ရေးအတွက် တိရိစ္ဆာန်ရဲ့သွေးကို အသုံးချရတာတွေပုံတွေကို လေကျင့်သင့်ကြားခဲ့တယ်လို့ပြောပါတယ်။

ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ စစ်ရေးလေကျင့်မှုအတွင်း အမေရိကန်နိုင်ငံက တပ်ဖွဲ့ဝင်အများဆုံး ပါဝင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၆၈၀ဝ ပါဝင်လေကျင့်နေပါတယ်။ အခုစစ်ရေးလေကျင့်မှုကို ထိုင်း၊ ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယားနိုင်ငံအပါဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက တပ်ဖွဲ့ဝင် ၁၁၀၇၅ ဦးလေကျင့်နေတာဖြစ်ပါတယ်။
လေကျင့်မှုအတွင်း စစ်ရေယာဉ် ၆ စင်း၊ တိုက်လေယာဉ် ၈၆ စင်းနဲ့ ကုန်းနဲ့ရေကို သွားလာနိုင်တဲ့ တိုက်ခိုက်ရေးသုံး ယာဉ် ၃၄ စင်းကို အသုံးပြုလေကျင့်နေတယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြထားပါတယ်။