ထိုင္းဘုရင္ ၀င္းနဲ႔ ေဇာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးႏိုင္မလား

0
136

ထိုင္းႏိုင္ငံ လိပ္ကၽြန္းလူသတ္မႈနဲ႔ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္းတို႔ လြတ္ၿငိမ္း ခ်မ္းသာခြင့္ ရရွိဖို႔ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာနဲ႔ ေမတၱာရပ္ခံစာေတြ ဥပေဒနဲ႔အညီ တရား၀င္ ေပးပို႔ႏိုင္ဖို႔ ထိုင္းေရွ႕ေနမ်ားေကာင္စီနဲ႔ ျမန္မာႏိုင္ငံေရွ႕ေနအသင္းအဖြဲ႔ေတြ ပူးေပါင္းေဆာင္ရြက္သြားဖို႔ ရွိေနပါတယ္။

လြတ္လပ္တဲ့ ျမန္မာေရွ႕ေနအသင္းအဖြဲ႔ ၆ ခုပူးေပါင္းၿပီး အဲ့ဒီလိုေဆာင္ရြက္သြားမယ့္အေၾကာင္း စက္တင္ဘာလ ၃ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္တာပါ။

အဲ့ဒီေၾကညာခ်က္နဲ႔ အတူ ထိုင္းဘုရင္မင္းျမတ္အေနနဲ႔ ၀င္းနဲ႔ ေဇာ္တို႔ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးႏိုင္၊ မေပးႏိုင္အေျခအေနေတြသိရဖို႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာေရွ႕ေနမ်ားကြန္ရက္ရဲ႕ ဥကၠ႒ ျဖစ္သူ ဦးေအာင္စုိးဦးကို ေတြ႔ဆံုေမးျမန္း တင္ဆက္ေပးထားပါတယ္။

ျမန္မာႏိုင္ငံ လြတ္လပ္ေသာေရွ႕ေနအသင္း၊ ျမန္မာႏိုင္ငံေရွ႕ေနအသင္း၊ ျပည္ေထာင္စုေရွ႕ေနမ်ားႏွင့္ ဥပေဒအေထာက္အကူျပဳအဖြဲ႔၊ ျမန္မာႏိုင္ငံ သတင္းမီဒီယာေရွ႕ေနမ်ားကြန္ရက္၊ ရန္ကုန္ေရွ႕ေနအသင္းနဲ႔ ျမန္မာႏိုင္ငံ ေရွ႕ေနမ်ားကြန္ရက္စတဲ့ အဖြဲ႔အစည္းေတြ စုေပါင္းေၾကညာခ်က္ ထုတ္ျပန္ထားတာျဖစ္ပါတယ္။


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိဖို့ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာနဲ့ မေတ္တာရပ်ခံစာတွေ ဥပဒေနဲ့အညီ တရားဝင် ပေးပို့နိုင်ဖို့ ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာနိုင်ငံရှေ့နေအသင်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

လွတ်လပ်တဲ့ မြန်မာရှေ့နေအသင်းအဖွဲ့ ၆ ခုပူးပေါင်းပြီး အဲ့ဒီလိုဆောင်ရွက်သွားမယ့်အကြောင်း စက်တင်ဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာပါ။

အဲ့ဒီကြေညာချက်နဲ့ အတူ ထိုင်းဘုရင်မင်းမြတ်အနေနဲ့ ဝင်းနဲ့ ဇော်တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်၊ မပေးနိုင်အခြေအနေတွေသိရဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာရှေ့နေများကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်စိုးဦးကို တွေ့ဆုံမေးမြန်း တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေအသင်း၊ မြန်မာနိုင်ငံရှေ့နေအသင်း၊ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုအဖွဲ့၊ မြန်မာနိုင်ငံ သတင်းမီဒီယာရှေ့နေများကွန်ရက်၊ ရန်ကုန်ရှေ့နေအသင်းနဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်စတဲ့ အဖွဲ့အစည်းတွေ စုပေါင်းကြေညာချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။