ထိုင္ဝမ္ကို တုိက္ေလယာဥ္ ေရာင္းခ်တဲ့ကုမၸဏီေတြအေပၚ တ႐ုတ္ စီးပြားေရး ပိတ္ဆုိ႔မႈ ခ်မွတ္မယ္

0
102

ထိုင္ဝမ္ကို F-16 တုိက္ေလယာဥ္ ေရာင္းခ်မႈနဲ႔ပတ္သက္လို႔ ပါဝင္တဲ့ ကုမၸဏီေတြအေပၚ ပိတ္ဆို႔အေရးယူမႈ လုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္အစိုးရက ေျပာပါတယ္။ 

အေမရိကန္က ထုိင္ဝမ္ကို F-16 တုိက္ေလယာဥ္ ၆၆ စင္း ေရာင္းခ်ဖုိ႔ ခြင္ျပဳခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က အခုလို စီစဥ္လာတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူက လက္နက္ေရာင္းခ်ရာမွာ ပါဝင္တဲ့ ကုမၸဏီေတြအေပၚ ပိတ္ဆုိ႔မႈ အပါအဝင္ အက်ိဴးစီးပြားေတြ ကာကြယ္ဖုိ႔ လုပ္သင့္တာေတြ လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။ 

ထုိင္ဝမ္ကို လက္နက္ ေရာင္းခ်မႈက တ႐ုတ္ႏိုင္ငံ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္တာ ျဖစ္ေၾကာင္း၊ လံုၿခံဳေရးနဲ႔ အခ်ဳပ္အျခာအာဏာအေပၚ စြက္ဖက္မႈ လုပ္တာျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာဆုိခြင့္ရွိသူက ေျပာပါတယ္။

ထိုင်ဝမ်ကို တိုက်လေယာဉ် ရောင်းချတဲ့ကုမ္ပဏီတွေအပေါ် တရုတ် စီးပွားရေး ပိတ်ဆို့မှု ချမှတ်မယ်

ထိုင်ဝမ်ကို F-16 တိုက်လေယာဉ် ရောင်းချမှုနဲ့ပတ်သက်လို့ ပါဝင်တဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ဆို့အရေးယူမှု လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို F-16 တိုက်လေယာဉ် ၆၆ စင်း ရောင်းချဖို့ ခွင်ပြုခဲ့ပြီးနောက် တရုတ်ဘက်က အခုလို စီစဉ်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လက်နက်ရောင်းချရာမှာ ပါဝင်တဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ဆို့မှု အပါအဝင် အကျိူးစီးပွားတွေ ကာကွယ်ဖို့ လုပ်သင့်တာတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ထိုင်ဝမ်ကို လက်နက် ရောင်းချမှုက တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်ကြောင်း၊ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာအပေါ် စွက်ဖက်မှု လုပ်တာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူက ပြောပါတယ်။