ထရမ့္ ပလာဇာ ဧည့္ခန္းကို ကားတစ္စီး ဝင္တိုက္၊ အမ်ားအျပား ဒဏ္ရာရ

0
46

အေမရိကန္ႏိုင္ငံ၊ ဝက္စ္ခ်က္စတာ စီရင္စု၊ နယူး ႐ိုခ်ယ္လ္မွာ ရွိတဲ့ ထရမ့္ ပလာဇာ ဧည့္ခန္းကို ကားတစ္စီး ဝင္တိုက္မိလို႔ လူအမ်ားအျပား ဒဏ္ရာရသြားခဲ့ပါတယ္။

စက္တင္ဘာလ ၁၇ ရက္ေန႔ညက မာစီဒီးဘင့္ဇ္ အနက္ေရာင္ ကားတစ္စီးဟာ အရွိန္မထိန္းႏိုင္ဘဲ အထပ္ ၄၀ ရွိ ထရမ့္ ပလာဇာရဲ႕ ဧည့္ခန္းထဲကို ေရာက္ရွိကာ ဝင္တိုက္မိတာပါ။ လမ္းေလွ်ာက္ေနသူ ႏွစ္ဦးလည္း ယာဥ္တိုက္မိလို႔ ဒဏ္ရာရရွိခဲ့ပါတယ္။ ဧည့္ခန္းထဲက ဒဏ္ရာရရွိသူေတြကေတာ့ အသက္အႏၱရာယ္ မစိုးရိမ္ရပါဘူး။

ဒဏ္ရာရရွိသြားတဲ့ ယာဥ္ေမာင္းကို ရဲေတြက စစ္ေဆးေမးျမန္းေနၿပီး လတ္တေလာမွာေတာ့ မေတာ္တဆမႈလို႔ ယူဆထားပါတယ္။ ယာဥ္တိုက္မႈေၾကာင့္ အေဆာက္အဦရဲ႕ ဝင္ေပါက္ေရာ ဧည့္ခန္းပါ ပ်က္စီးခဲ့ပါတယ္။

ထရမ့် ပလာဇာ ဧည့်ခန်းကို ကားတစ်စီး ဝင်တိုက်၊ အများအပြား ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ ဝက်စ်ချက်စတာ စီရင်စု၊ နယူး ရိုချယ်လ်မှာ ရှိတဲ့ ထရမ့် ပလာဇာ ဧည့်ခန်းကို ကားတစ်စီး ဝင်တိုက်မိလို့ လူအများအပြား ဒဏ်ရာရသွားခဲ့ပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ညက မာစီဒီးဘင့်ဇ် အနက်ရောင် ကားတစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ အထပ် ၄၀ ရှိ ထရမ့် ပလာဇာရဲ့ ဧည့်ခန်းထဲကို ရောက်ရှိကာ ဝင်တိုက်မိတာပါ။ လမ်းလျှောက်နေသူ နှစ်ဦးလည်း ယာဉ်တိုက်မိလို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဧည့်ခန်းထဲက ဒဏ်ရာရရှိသူတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။

ဒဏ်ရာရရှိသွားတဲ့ ယာဉ်မောင်းကို ရဲတွေက စစ်ဆေးမေးမြန်းနေပြီး လတ်တလောမှာတော့ မတော်တဆမှုလို့ ယူဆထားပါတယ်။ ယာဉ်တိုက်မှုကြောင့် အဆောက်အဦရဲ့ ဝင်ပေါက်ရော ဧည့်ခန်းပါ ပျက်စီးခဲ့ပါတယ်။