တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ ေအာက္မွာ ေရရွည္ဖြံ႔ၿဖိဳးေရးနဲ႔ ပူးေပါင္း ေဆာင္႐ြက္ေရး ေဆြးေႏြး

0
81

တ႐ုတ္-ျမန္မာ စီးပြားေရး စႀကႍ ေအာက္မွာ တ႐ုတ္-ျမန္မာ စဥ္ဆက္မျပတ္ ဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ပူးေပါင္း ေဆာင္႐ြက္ေရး ေဆြးေႏြးပြဲကို ဇူလုိင္လ ၈ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ တ႐ုတ္-ျမန္မာ ပညာရွင္ေတြ ပါဝင္ ေဆြးေႏြးခဲ့ၾကပါတယ္။

ယူနန္တကၠသိုလ္ အေရွ႕ေတာင္အာရွ ေလ့လာေရးဌာနက တြဲဖက္ပါေမာကၡ လ်ဴရွင္က တ႐ုတ္-ျမန္္မာ စီးပြားေရးစႀကႍ ဒါမွဟုတ္ CMEC ဟာ BRI ရဲ႕ အေရးပါတဲ့ အစိတ္အပုိင္းတစ္ခု ျဖစ္ေၾကာင္း၊ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာ ၉ ရက္မွာ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍကို ေဖာ္ေဆာင္ဖို႔ ႏွစ္ႏိုင္ငံ နားလည္မႈစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း၊ စြမ္းအင္၊ လယ္ယာစိုက္ပ်ိဳးေရး၊ သဘာဝပတ္ဝန္းက်င္၊ ယဥ္ေက်းမႈ စသျဖင့္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္မယ့္ က႑ေတြကုိ သတ္မွတ္ခဲ့ၾကေၾကာင္း၊ ၂၀၁၈ ခုႏွစ္၊ ၾသဂုုတ္လမွာ ျမန္မာ စဥ္ဆက္မျပတ္ဖြံ႔ၿဖိဳး တိုးတက္ေရး စီမံကိန္း (MSDP) ၂၀၁၈-၂၀၃၀ ကို ျမန္မာအစိုးရက ထုတ္ျပန္ခဲ့ေၾကာင္း ေျပာပါတယ္။ 

ျမန္မာႏုိင္ငံဘက္မွ ဦးေအးေမာင္ေက်ာ္က BRI ရဲ႕ ရည္ရြယ္ခ်က္ဟာ အေျခခံ အေဆာက္အအုံပုိင္း ျဖစ္လို႔ ျမန္မာႏိုင္ငံလို တုိင္းျပည္ေတြအတြက္ အက်ဳိးရွိတယ္လို႔ ယူဆေၾကာင္း၊ အခုလို ေဆြးေႏြးပြဲေတြက ထြက္ေပၚလာတဲ့ ရလဒ္ေတြက ႏွစ္ႏုိင္ငံရဲ႕ မူဝါဒ ေရးဆြဲခ်မွတ္တဲ့ အဖြဲ႔အစည္းေတြအတြက္ တစ္စုံတစ္ရာ သက္ေရာက္မႈ ရွိမယ္လုိ႔ ယူဆေၾကာင္း ေျပာပါတယ္။

ေဆြးေႏြးပြဲကို ယူနန္တကၠသိုလ္က ပညာရွင္ ငါးဦးနဲ႔ ျမန္မာႏိုင္ငံဘက္က ပညာရွင္ ၁၃ ဦးတို႔က ႏွစ္ႏိုင္ငံေရရွည္ ဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးတို႔ကို အပိုင္းသံုးပိုင္းခြဲၿပီး ေဆြးေႏြးခဲ့ၾကပါတယ္။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အောက်မှာ ရေရှည်ဖွံ့ဖြိုးရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ အောက်မှာ တရုတ်-မြန်မာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲကို ဇူလိုင်လ ၈ ရက်နေ့ ရန်ကုန်မြို့မှာ တရုတ်-မြန်မာ ပညာရှင်တွေ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

ယူနန်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာနက တွဲဖက်ပါမောက္ခ လျူရှင်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဒါမှဟုတ် CMEC ဟာ BRI ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ဖော်ဆောင်ဖို့ နှစ်နိုင်ငံ နားလည်မှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု စသဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် ကဏ္ဍတွေကို သတ်မှတ်ခဲ့ကြကြောင်း၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှာ မြန်မာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (MSDP) ၂၀၁၈-၂၀၃၀ ကို မြန်မာအစိုးရက ထုတ်ပြန်ခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံဘက်မှ ဦးအေးမောင်ကျော်က BRI ရဲ့ ရည်ရွယ်ချက်ဟာ အခြေခံ အဆောက်အအုံပိုင်း ဖြစ်လို့ မြန်မာနိုင်ငံလို တိုင်းပြည်တွေအတွက် အကျိုးရှိတယ်လို့ ယူဆကြောင်း၊ အခုလို ဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ ရလဒ်တွေက နှစ်နိုင်ငံရဲ့ မူဝါဒ ရေးဆွဲချမှတ်တဲ့ အဖွဲ့အစည်းတွေအတွက် တစ်စုံတစ်ရာ သက်ရောက်မှု ရှိမယ်လို့ ယူဆကြောင်း ပြောပါတယ်။
ဆွေးနွေးပွဲကို ယူနန်တက္ကသိုလ်က ပညာရှင် ငါးဦးနဲ့ မြန်မာနိုင်ငံဘက်က ပညာရှင် ၁၃ ဦးတို့က နှစ်နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အပိုင်းသုံးပိုင်းခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။